![]() |
ဖိလစ္ပိုင္ လက္ေဝွ႔ေက်ာ္ Manny Pacquiao။ |
Pacquiao ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ဖိလစ္ပိုင္ ရုပ္သံလိုင္း တခု နဲ႔ ေတြ႔ဆံုေမးျမန္းခန္း အစီအစဥ္မွာ လိင္တူခ်င္း လက္ထပ္တာကို ဆန္႕က်င္တဲ့ အေၾကာင္း ထုတ္ေဖာ္ေဆြးေႏြးခဲ့တဲ့အတြက္ ေဝဖန္ခံေနရတာပါ။ ကမာၻ႔ လက္ေဝွ႔ ခ်န္ပီယံ ဆုကို ရွစ္ႀကိမ္ ရထားတဲ့ လက္ေဝွ႔ေက်ာ္က သူ႕ရဲ႕ ရပ္တည္ခ်က္ဟာ ဆင္ျခင္တံုတရားကို အေျခခံထားတာပါ။ တိရစၦာန္ေတြေတာင္မွ လိင္တူခ်င္း မစက္ယွက္ၾကပါဘူး လို႔ ေျပာဆိုခဲ့ပါတယ္။
ဖိလစ္ပိုင္မွာ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္ၿပီး အထက္လႊတ္ေတာ္အမတ္ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ အသက္ ၃၇ႏွစ္အရြယ္ Pacquiao ဟာ အဂၤါေန႔မွာေတာ့ သူ႔ရဲ႕ တြစ္တာ အေကာင့္မွာ ဗြီဒီယို သတင္းစကား တစ္ခု တင္ၿပီး ျပန္ေတာင္းပန္ခဲ့ပါတယ္။ သူဟာ “ဘုရားသခင္ရဲ႕ ေမတၱာေတာ္ေၾကာင့္ လူအားလံုးကို ခ်စ္ခင္ပါတယ္။” လို႕ ေျပာခဲ့ေပမယ့္၊ သူ႕ရဲ႕ ခရစ္ယာန္ ဘာသာ ယံုၾကည္မႈေၾကာင့္ လိင္တူခ်င္း လက္ထပ္တာကို ဆန္႔က်င္တာကိုေတာ့ မေျပာင္းလဲေၾကာင္း ေျပာထားပါတယ္။
Nike ကုမဏီဟာ LGBT လို႔ေခၚတဲ့ လိင္တူခ်င္း စံုမက္သူေတြရဲ႕ အခြင့္အေရးကို အားေပးေထာက္ခံခဲ့တာ ရွည္လွ်ားတဲ့ အစဥ္အလာရွိၿပီး၊ ဒီလက္ေဝွ႔ေက်ာ္ရဲ႕ မွတ္ခ်က္ စကားေတြဟာ လက္ခံႏိုင္စရာမရွိဘူးလို႔ Nike ကုမၸဏီက အီးေမးလ္နဲ႔ ေပးပို႕တဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
လိင္တူခ်င္း လက္ထပ္တာဟာ ဖိလစ္ပိုင္ႏိုင္ငံမွာ တရားမဝင္ပါဘူး။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
ဖိလစ်ပိုင် လက်ဝှေ့ကျော် Manny Pacquiao။
ဖိလစ်ပိုင် လက်ဝှေ့ကျော် Manny Pacquiao ဟာ မိန်းမလျာ နဲ့ ယောက်ကျား လျာတွေဟာ တိရိစ္ဆာန်ထက်တောင် နိမ့်ကျတဲ့ သူတွေဖြစ်တယ် ဆိုတဲ့ ပြောခဲ့တဲ့ အတွက် အမေရိကန် အားကစား အသုံးအဆောင် ထုတ်လုပ်တဲ့ လုပ်ငန်း Nike က သူနဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။
Pacquiao ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖိလစ်ပိုင် ရုပ်သံလိုင်း တခု နဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ လိင်တူချင်း လက်ထပ်တာကို ဆန့်ကျင်တဲ့ အကြောင်း ထုတ်ဖော်ဆွေးနွေးခဲ့တဲ့အတွက် ဝေဖန်ခံနေရတာပါ။ ကမ္ဘာ့ လက်ဝှေ့ ချန်ပီယံ ဆုကို ရှစ်ကြိမ် ရထားတဲ့ လက်ဝှေ့ကျော်က သူ့ရဲ့ ရပ်တည်ချက်ဟာ ဆင်ခြင်တုံတရားကို အခြေခံထားတာပါ။ တိရစ္ဆာန်တွေတောင်မှ လိင်တူချင်း မစက်ယှက်ကြပါဘူး လို့ ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး အထက်လွှတ်တော်အမတ်ဖြစ်ဖို့ ကြိုးစားနေတဲ့ အသက် ၃၇နှစ်အရွယ် Pacquiao ဟာ အင်္ဂါနေ့မှာတော့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ဗွီဒီယို သတင်းစကား တစ်ခု တင်ပြီး ပြန်တောင်းပန်ခဲ့ပါတယ်။ သူဟာ “ဘုရားသခင်ရဲ့ မေတ္တာတော်ကြောင့် လူအားလုံးကို ချစ်ခင်ပါတယ်။” လို့ ပြောခဲ့ပေမယ့်၊ သူ့ရဲ့ ခရစ်ယာန် ဘာသာ ယုံကြည်မှုကြောင့် လိင်တူချင်း လက်ထပ်တာကို ဆန့်ကျင်တာကိုတော့ မပြောင်းလဲကြောင်း ပြောထားပါတယ်။
Nike ကုမဏီဟာ LGBT လို့ခေါ်တဲ့ လိင်တူချင်း စုံမက်သူတွေရဲ့ အခွင့်အရေးကို အားပေးထောက်ခံခဲ့တာ ရှည်လျှားတဲ့ အစဉ်အလာရှိပြီး၊ ဒီလက်ဝှေ့ကျော်ရဲ့ မှတ်ချက် စကားတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ Nike ကုမ္ပဏီက အီးမေးလ်နဲ့ ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လိင်တူချင်း လက်ထပ်တာဟာ ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင်ပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment