မြောက်ကိုရီးယားရဲ့ ဆက်တလိုက် အခြေနေဆိုး
ABC Radio Australia
...........
 မြောက်ကိုရီးယား လွတ်တင်တဲ့ ဆက်တလိုက်ရဲ့ အခြေအနေမကောင်းဘူးလို့ သိရပါတယ်။ (Credit: AFP)
မြောက်ကိုရီးယားနိုင်ငံကနေ ​မကြာသေးခင်တုန်းကပဲ ​လွတ်တင်လိုက်တဲ့ ​ဆက်တလိုက်ဟာ ​ကမ္ဘာပတ်လမ်းကြောင်းမှာ ​ညင်ညင်သာသာနဲ့ ​ပတ်သွားတာမျိုး ​မရှိပဲ ​အခြေအနေမကောင်းဘူးလို့ ​အမေရိကန်က ​ပြောလိုက်ပါတယ်။
ဆက်တလိုက် ​လွတ်တင်ပြီးခါစမှာ ​အခြေအနေ ​ကောင်းခဲ့ပေမယ့် ​အခုအခါမှာတော့ ​ကမ္ဘာပတ် ​လမ်းကြောင်းပေါ်ကို ​သွားခိုင်းချင်တဲ့ ​အနေအထားနဲ့ ​သွားမနေဘူးလို့ ​ဆိုပါတယ်။
ဒီလ ​အစောပိုင်းတုန်းက ​မြောက်ကိုရီးယားက ​ဆက်တလိုက် ​လွတ်တင်ပြီလို့ ​ကြေညာပေမယ့် ​အမေရိကန်နဲ့ ​တောင်ကိုရီးယားကတော့ ​မြောက်ကိုရီးယားက ​ဒုံးကျည်ကို ​ပစ်လွတ်စမ်းသပ်တာလို့ ​စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားအပေါ် ​တုန့်ပြန်မှုတွေ ​လုပ်ဖို့ ​စီစဉ်နေတုန်းမှာပဲ ​အခုအခါမှာတော့ ​အဲဒီ ​ဆက်တလိုက်ဟာ ​ကမ္ဘာမြေပေါ်ကို ​အခြေအလက်တွေ ​မပို့ပေးနိုင်တော့တဲ့ ​အခြေအနေ ​ရောက်ရှိသွားပြီလို့ ​ဆိုပါတယ်။
အမေရိကန်က ​မြောက်ကိုရီးယားရဲ့ ​ဆက်တလိုက် ​အခြေအနေကို ​မစိုးရိမ်ပဲ ​ဆက်တလိုက်ကို ​အကြောင်းပြပြီး ​လက်နက်စမ်းသပ်မှု ​လုပ်တာကို ​ပိုစိုးရိမ်တယ်လို့ ​ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment