ပုပ္ရဟန္းမင္းႀကီးက ေဒၚနယ္ထရန္႔ ကိုေဝဖန္


ပုပ္ရဟန္းမင္းႀကီး Francis က တံတိုင္းေတြ တည္ေဆာက္ၿပီး တံတားေတြ မေဆာက္နိုင္ရင္ ခရစ္ယာန္ တေယာက္ မဟုတ္ဘူးဆိုၿပီး အေမရိကန္ သမၼတေလာင္းျဖစ္ဖို႔ ယွဥ္ၿပိဳင္ေနတဲ့ နယူးေယာက္ သူေဌးႀကီး Donald Trump ကိုေဝဖန္လိုက္တာပါ။

မကၠဆီကို နိုင္ငံကို ၆ရက္ၾကာ သြားတဲ့ ခရီးစဥ္အၿပီးမွာ ပုပ္ရဟန္းမင္းႀကီးက ခုလိုေျပာတာ ျဖစ္ပါတယ္။

Trump ကေတာ့ တကယ္လို႔ သူအေရြးခံရရင္ အေမရိကန္ နယ္ျခားမွာ တံတိုင္းေတြ ေဆာက္မယ္ နိုင္ငံတြင္း ခိုးဝင္လာသူေတြကို တိုင္းျပည္က ႏွင္ထုတ္မယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ မကၠဆီကို နိုင္ငံကေန အေမရိကန္ ျပည္ေထာင္စုကို ရာဇဝတ္ေကာင္ေတြ ပို႔ေနတာလို႔လည္း စြပ္စြဲပါတယ္။ ရီပတ္ဘလစ္ကန္ ပါတီသမၼတ ေလာင္းအျဖစ္ ထိပ္ကေျပးေနတဲ့ Trumpကို အေမရိကန္ေတြ မဲေပးသင့္သလား ဆိုတဲ့ေမးခြန္းကိုေတာ့ ပုပ္ရဟန္းမင္းႀကီးက ေရငုံ ႏွုတ္ပိတ္ေနခဲ့ပါတယ္။

ဘာသာေရး ေခါင္းေဆာင္ တေယာက္က လူတေယာက္ရဲ့ ဘာသာေရး ယုံၾကည္မွုကို ေမးခြန္းထုတ္တာအလြန္ ရွက္ဖို႔ေကာင္းပါတယ္သူဟာ ခရစ္ယာန္ျဖစ္ရတာဂုဏ္ယူတယ္လို႔ Trumpက တုန္႔ျပန္ပါတယ္။ တကယ္လို႔ အိုင္အက္စ္ အစၥလမ္စစ္ေသြးႂကြေတြက ဗက္တီကန္ကို ရည္မွန္းတဲ့အတိုင္း ဝင္တိုက္ခဲ့မယ္ဆိုရင္ ပုပ္ရဟန္းမင္းႀကီး အေနနဲ႔ Donald Trump သာသမၼတ ျဖစ္ခဲ့ရင္ဒီလို အေျခဆိုက္မွာ မဟုတ္ဘူးလို႔ ဆုေတာင္းေကာင္း ေတာင္းရပါလိမ့္မယ္လို႔ လည္းေျပာပါတယ္။

အေမရိကန္ ျပည္ေထာင္စုေရြးေကာက္ပြဲေတြမွာ ကက္သလစ္ ဘာသာဝင္ေတြရဲ့ ေထာက္ခံမဲရဖို႔ ကလည္းအေရးႀကီးပါတယ္။ ကက္သလစ္ အမ်ားစုက ပဋိသေႏၶတားတာနဲ႔ လိင္တူလက္ထပ္တာကို ဆန္႔က်င္တဲ့ ရီပတ္ဘလစ္ကန္ အမတ္ေလာင္းေတြကို ေထာက္ခံၾကပါတယ္။ Trumpကလည္း ခရစ္ယာန္ေတြရဲ့မဲရဖို႔ မဲဆြယ္ေနၿပီး အေတာ္ေအာင္ျမင္မွုလည္း ရေနပါတယ္။ ဒါေပမယ့္ သူ႔ၿပိဳင္ဘက္ ရီပတ္ဘလစ္ကန္ ေတြကေတာ့ Trump ရဲ့ဘာသာေရးအေပၚ သေဘာထားတာ သိပ္မူမမွန္ဘူးလို႔ ေဝဖန္ေနၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
.....


ပုပ်ရဟန်းမင်းကြီး Francis က တံတိုင်းတွေ တည်ဆောက်ပြီး တံတားတွေ မဆောက်နိုင်ရင် ခရစ်ယာန် တယောက် မဟုတ်ဘူးဆိုပြီး အမေရိကန် သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့ နယူးယောက် သူဌေးကြီး Donald Trump ကိုဝေဖန်လိုက်တာပါ။

မက္ကဆီကို နိုင်ငံကို ၆ရက်ကြာ သွားတဲ့ ခရီးစဉ်အပြီးမှာ ပုပ်ရဟန်းမင်းကြီးက ခုလိုပြောတာ ဖြစ်ပါတယ်။

Trump ကတော့ တကယ်လို့ သူအရွေးခံရရင် အမေရိကန် နယ်ခြားမှာ တံတိုင်းတွေ ဆောက်မယ် နိုင်ငံတွင်း ခိုးဝင်လာသူတွေကို တိုင်းပြည်က နှင်ထုတ်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် မက္ကဆီကို နိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ရာဇဝတ်ကောင်တွေ ပို့နေတာလို့လည်း စွပ်စွဲပါတယ်။ ရီပတ်ဘလစ်ကန် ပါတီသမ္မတ လောင်းအဖြစ် ထိပ်ကပြေးနေတဲ့ Trumpကို အမေရိကန်တွေ မဲပေးသင့်သလား ဆိုတဲ့မေးခွန်းကိုတော့ ပုပ်ရဟန်းမင်းကြီးက ရေငုံ နှုတ်ပိတ်နေခဲ့ပါတယ်။

ဘာသာရေး ခေါင်းဆောင် တယောက်က လူတယောက်ရဲ့ ဘာသာရေး ယုံကြည်မှုကို မေးခွန်းထုတ်တာအလွန် ရှက်ဖို့ကောင်းပါတယ်သူဟာ ခရစ်ယာန်ဖြစ်ရတာဂုဏ်ယူတယ်လို့ Trumpက တုန့်ပြန်ပါတယ်။ တကယ်လို့ အိုင်အက်စ် အစ္စလမ်စစ်သွေးကြွတွေက ဗက်တီကန်ကို ရည်မှန်းတဲ့အတိုင်း ဝင်တိုက်ခဲ့မယ်ဆိုရင် ပုပ်ရဟန်းမင်းကြီး အနေနဲ့ Donald Trump သာသမ္မတ ဖြစ်ခဲ့ရင်ဒီလို အခြေဆိုက်မှာ မဟုတ်ဘူးလို့ ဆုတောင်းကောင်း တောင်းရပါလိမ့်မယ်လို့ လည်းပြောပါတယ်။

အမေရိကန် ပြည်ထောင်စုရွေးကောက်ပွဲတွေမှာ ကက်သလစ် ဘာသာဝင်တွေရဲ့ ထောက်ခံမဲရဖို့ ကလည်းအရေးကြီးပါတယ်။ ကက်သလစ် အများစုက ပဋိသန္ဓေတားတာနဲ့ လိင်တူလက်ထပ်တာကို ဆန့်ကျင်တဲ့ ရီပတ်ဘလစ်ကန် အမတ်လောင်းတွေကို ထောက်ခံကြပါတယ်။ Trumpကလည်း ခရစ်ယာန်တွေရဲ့မဲရဖို့ မဲဆွယ်နေပြီး အတော်အောင်မြင်မှုလည်း ရနေပါတယ်။ ဒါပေမယ့် သူ့ပြိုင်ဘက် ရီပတ်ဘလစ်ကန် တွေကတော့ Trump ရဲ့ဘာသာရေးအပေါ် သဘောထားတာ သိပ်မူမမှန်ဘူးလို့ ဝေဖန်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment