![]() |
လင္းပိုင္ငယ္နဲ႔ ဓာတ္ပုံ တြဲရိုက္ဖို႔ တိုးေဝွ႔ၾကသူမ်ား (ဓာတ္ပုံ- Hernan Coria) (Credit: ABC licensed) |
ကမာၻေပၚက လင္းပိုင္း အမ်ဳိးအစားထဲမွာ အေသးငယ္ဆုံးျဖစ္တဲ့ Fransiscana အမ်ဳိးအစား လင္းပိုင္ငယ္ေလးကို လူတစ္ေယာက္က ဖမ္းၿပီး ကုန္းေပၚကို ယူေဆာင္လာခဲ့ပါတယ္။
အဲဒီမွာ ကမ္းေျခမွာ အပန္းေျဖေနတဲ့ တျခားလူေတြလည္း ဝိုင္းအုံလာၿပီး အလုအယက္ ဓာတ္ပုံရိုက္ရာကေန လင္းပိုင္ငယ္ေလး ေသဆုံးခဲ့ရပါတယ္။ အဲဒီ လင္းပိုင္ အမ်ဳိးအစားဟာ ကုန္းေပၚမွာ အၾကာႀကီး ေနလို႔မရတဲ့ အမ်ဳိးအစား ျဖစ္ပါတယ္။
တရိစာၦန္ေတြကို ေဖ်ာ္ေျဖေရးအေနနဲ႔ အလြဲသုံးတဲ့အခါမွာ ဒီလို ဝမ္းနည္းဖြယ္ျဖစ္ရပ္ေတြ ျဖစ္ေပၚတတ္ၿပီး လူေတြဟာ တိရိစာၦန္ေတြရဲ့ လိုအပ္ခ်က္ကို မစဥ္းစားေပးၾကဘူးလို႔ ၾသစေၾတးလ်ႏိုင္ငံက တိရိစာၦန္အေရး လွဳပ္ရွားတဲ့ အဖြဲ႕က ေျပာလိုက္ပါတယ္။
သားရိုင္း တရိစာၦန္ေတြဟာ ကစားစရာ၊ ဓာတ္ပုံယွဥ္တြဲ ရိုက္စရာ မဟုတ္တဲ့အတြက္ သင့္ေတာ္တဲ့ ေနရာမွာပဲ ထားသင့္တယ္လို႔ ေျပာဆိုေနၾကပါတယ္။
အရင္တေလာတုန္းကလည္း ျခေသၤ့ငယ္ တစ္ေကာင္ဟာ ကမာၻလွည့္ ခရီးသည္ေတြနဲ႔ ဓာတ္ပုံတြဲရိုက္ဖို႔ အသုံးျပဳခံရၿပီး အဲဒီေနာက္ လူေတြနဲ႔ လမ္းအတူတူေလွ်ာက္တဲ့အထိ ျပစားခံခဲ့ရပါတယ္။ ဒါ့အျပင္ အရြယ္ေရာက္လာတဲ့အခါ ပိုက္ဆံ အမ်ားဆုံး ေပးႏိုင္တဲ့ လူရဲ့ လက္ေဖ်ာင့္စမ္းသပ္မႈနဲ႔ ေသဆုံးခဲ့ရတဲ့အထိ အျမတ္ထုတ္မႈကို ခံခဲ့ရဖူးပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
......
လင်းပိုင်ငယ်နဲ့ ဓာတ်ပုံ တွဲရိုက်ဖို့ တိုးဝှေ့ကြသူများ (ဓာတ်ပုံ- Hernan Coria) (Credit: ABC licensed)
အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ ကမ်းခြေတစ်ခုမှာ ချစ်စရာ လင်းပိုင်ငယ်လေးနဲ့ အတူတူ selfie ဓာတ်ပုံ အလုအယက် ရိုက်ရာကနေ လင်းပိုင်ငယ်လေး သေဆုံးခဲ့ရပါတယ်။
ကမ္ဘာပေါ်က လင်းပိုင်း အမျိုးအစားထဲမှာ အသေးငယ်ဆုံးဖြစ်တဲ့ Fransiscana အမျိုးအစား လင်းပိုင်ငယ်လေးကို လူတစ်ယောက်က ဖမ်းပြီး ကုန်းပေါ်ကို ယူဆောင်လာခဲ့ပါတယ်။
အဲဒီမှာ ကမ်းခြေမှာ အပန်းဖြေနေတဲ့ တခြားလူတွေလည်း ဝိုင်းအုံလာပြီး အလုအယက် ဓာတ်ပုံရိုက်ရာကနေ လင်းပိုင်ငယ်လေး သေဆုံးခဲ့ရပါတယ်။ အဲဒီ လင်းပိုင် အမျိုးအစားဟာ ကုန်းပေါ်မှာ အကြာကြီး နေလို့မရတဲ့ အမျိုးအစား ဖြစ်ပါတယ်။
တရိစ္ဆာန်တွေကို ဖျော်ဖြေရေးအနေနဲ့ အလွဲသုံးတဲ့အခါမှာ ဒီလို ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်တတ်ပြီး လူတွေဟာ တိရိစ္ဆာန်တွေရဲ့ လိုအပ်ချက်ကို မစဉ်းစားပေးကြဘူးလို့ သြစတြေးလျနိုင်ငံက တိရိစ္ဆာန်အရေး လှုပ်ရှားတဲ့ အဖွဲ့က ပြောလိုက်ပါတယ်။
သားရိုင်း တရိစ္ဆာန်တွေဟာ ကစားစရာ၊ ဓာတ်ပုံယှဉ်တွဲ ရိုက်စရာ မဟုတ်တဲ့အတွက် သင့်တော်တဲ့ နေရာမှာပဲ ထားသင့်တယ်လို့ ပြောဆိုနေကြပါတယ်။
အရင်တလောတုန်းကလည်း ခြင်္သေ့ငယ် တစ်ကောင်ဟာ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ အသုံးပြုခံရပြီး အဲဒီနောက် လူတွေနဲ့ လမ်းအတူတူလျှောက်တဲ့အထိ ပြစားခံခဲ့ရပါတယ်။ ဒါ့အပြင် အရွယ်ရောက်လာတဲ့အခါ ပိုက်ဆံ အများဆုံး ပေးနိုင်တဲ့ လူရဲ့ လက်ဖျောင့်စမ်းသပ်မှုနဲ့ သေဆုံးခဲ့ရတဲ့အထိ အမြတ်ထုတ်မှုကို ခံခဲ့ရဖူးပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment