အမျိုးသမီးကဲ့သို့ ၀တ်ဆင်၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော စစ်သွေးကြွ ၉ ဦးကို အီရတ်တပ်ဖွဲ့ ဖမ်းဆီး


ISIS Fighters Try To Flee Iraq While Dressed As Women 
ဘဂ္ဂဒက် ၊ ၁၆-၂-၂၀၁၆




PyiChitThar
..........

ISIS Fighters Try To Flee Iraq While Dressed As Women 
ဘဂ္ဂဒက် ၊ ၁၆-၂-၂၀၁၆

အီရတ် တပ်ဖွဲ့ဝင် များသည် မုတ်ဆိတ်မွေး များကိုရိတ်၍ အမျိုးသမီး ကဲ့သို့ ဝတ်ဆင်ကာ ရာမာဒီမြို့ အတွင်းမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် ISIS စစ်သွေးကြွ ကိုးဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ISIS စစ်သွေးကြွ များသည် အစိုးရတပ်ဖွဲ့ဝင် များက ရာမာဒီမြို့အား အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ရာ အဆိုပါမြို့မှ ထွက်ပြေး လွတ်မြောက်ရန် အတွက် မုတ်ဆိတ်မွေး များကို ရိတ်၍ အမျိုးသမီးမျာ းအသွင် ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၄င်းတို့ အားလုံးကို အီရတ် တပ်ဖွဲ့က မြို့အတွင်း၌ ဖမ်းဆီး နိုင်ခဲ့ကြောင်း အီရတ် လုံခြုံရေးဌာန က ထုတ်ပြန် ထားသည်။

အန်ဘာ ပြည်နယ်တွင် တည်ရှိသော အဆိုပါမြို့ကို ISIS စစ်သွေးကြွ အဖွဲ့ဝင်များထံမှ အီရတ်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment