မကၠဆီကိုနယ္စပ္ ၿခံခတ္မယ့္ Donald Trump ပုပ္ရဟန္းမင္းၾကီး ေဝဖန္


ပုပ္ရဟန္းမင္းႀကီး မကၠဆီကို ႏိုင္ငံကို သြားေရာက္ၿပီး ေရာမၿမိဳ႕ကို အျပန္ ခရီးစဥ္မွာ မွတ္ခ်က္ျပဳခဲ့။ (ေဖေဖာ္ဝါရီ ၁၈၊ ၂၀၁၆)
အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကန္ ပါတီ ကိုယ္စားျပဳၿပီး ဝင္ၿပိဳင္ခြင့္ရဖို႔ ေရွ႕ဆံုးက ေျပးေနတဲ့ Donald Trump ဟာ ခရစ္ယာန္ဘာသာ၀င္ မဟုတ္ဘူးလုိ႔ ပုပ္ရဟန္းမင္းႀကီး Francis က ၾကာသပေတးေန႔ က ေျပာလိုက္္ပါတယ္။

Donald Trump ဟာ အေမရိကန္ေတာင္ပိုင္းနဲ႔ မကၠဆီကို ႏိုင္ငံကို ပိုင္းျခားထားတဲ့ တံတိုင္းတစ္ခု တည္ေဆာက္ၿပီး၊ အေမရိကန္ႏိုင္ငံထဲ ခိုး၀င္မယ့္ သူေတြကို တားဆီးဖို႔ အဆိုျပဳခဲ့တဲ့အတြက္ ပုပ္ရဟန္းမင္း Francis က ခုလို ေျပာခဲ့တာျဖစ္ပါတယ္။

”လူတစ္ဦးဟာ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္၊ တံတားထိုးဖို႔ မစဥ္းစားပဲ၊ အုတ္တံတိုင္းေဆာက္ဖို႔ပဲ စဥ္းစားေနမယ္ဆိုရင္ ဒီလူဟာ ခရစ္ယာန္ ဘာသာ၀င္ မဟုတ္ဘူး။ ဒါဟာ တရားေတာ္နဲ႔ မညီပါဘူး” လို႔ ပုပ္ရဟန္းမင္း Francis က ေျပာခဲ့တာပါ။

ပုပ္ရဟန္းမင္းဟာ ဒီအပတ္မွာ မကၠဆီကို ႏိုင္ငံကို သြားေရာက္လည္ပတ္တဲ့ ခရီးစဥ္ကေန ေရာမၿမိဳ႕ကို အျပန္မွာ ဒီလိုမ်ိဳး မွတ္ခ်က္ျပဳ ေျပာၾကားခဲ့တာပါ။

ဗုဒၶဟူးေန႔က ပုပ္ရဟန္းမင္းဟာ မကၠဆီကိုမွာ ရွိေနစဥ္အတြင္း အေမရိကန္ႏိုင္ငံကို ခိုး၀င္သူေတြ အမ်ားဆံုး သြားေရာက္ေလ့ရွိတဲ့ တကၠဆပ္ ျပည္နယ္ နယ္စပ္ကေန မီတာ အနည္းငယ္ပဲ ကြာေ၀းတဲ့ ရင္ျပင္တစ္ခုမွာ ၀တ္ျပဳဆုေတာင္းပြဲ က်င္းပခဲ့ပါေသးတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......

ပုပ်ရဟန်းမင်းကြီး မက္ကဆီကို နိုင်ငံကို သွားရောက်ပြီး ရောမမြို့ကို အပြန် ခရီးစဉ်မှာ မှတ်ချက်ပြုခဲ့။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆)
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြုပြီး ဝင်ပြိုင်ခွင့်ရဖို့ ရှေ့ဆုံးက ပြေးနေတဲ့ Donald Trump ဟာ ခရစ်ယာန်ဘာသာဝင် မဟုတ်ဘူးလို့ ပုပ်ရဟန်းမင်းကြီး Francis က ကြာသပတေးနေ့ က ပြောလိုက််ပါတယ်။

Donald Trump ဟာ အမေရိကန်တောင်ပိုင်းနဲ့ မက္ကဆီကို နိုင်ငံကို ပိုင်းခြားထားတဲ့ တံတိုင်းတစ်ခု တည်ဆောက်ပြီး၊ အမေရိကန်နိုင်ငံထဲ ခိုးဝင်မယ့် သူတွေကို တားဆီးဖို့ အဆိုပြုခဲ့တဲ့အတွက် ပုပ်ရဟန်းမင်း Francis က ခုလို ပြောခဲ့တာဖြစ်ပါတယ်။

”လူတစ်ဦးဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ တံတားထိုးဖို့ မစဉ်းစားပဲ၊ အုတ်တံတိုင်းဆောက်ဖို့ပဲ စဉ်းစားနေမယ်ဆိုရင် ဒီလူဟာ ခရစ်ယာန် ဘာသာဝင် မဟုတ်ဘူး။ ဒါဟာ တရားတော်နဲ့ မညီပါဘူး” လို့ ပုပ်ရဟန်းမင်း Francis က ပြောခဲ့တာပါ။

ပုပ်ရဟန်းမင်းဟာ ဒီအပတ်မှာ မက္ကဆီကို နိုင်ငံကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်ကနေ ရောမမြို့ကို အပြန်မှာ ဒီလိုမျိုး မှတ်ချက်ပြု ပြောကြားခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ပုပ်ရဟန်းမင်းဟာ မက္ကဆီကိုမှာ ရှိနေစဉ်အတွင်း အမေရိကန်နိုင်ငံကို ခိုးဝင်သူတွေ အများဆုံး သွားရောက်လေ့ရှိတဲ့ တက္ကဆပ် ပြည်နယ် နယ်စပ်ကနေ မီတာ အနည်းငယ်ပဲ ကွာဝေးတဲ့ ရင်ပြင်တစ်ခုမှာ ၀တ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ပါသေးတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment