ေရႊ႕ေျပာင္းအေျခခ်သူမ်ားက ဂရိ-မက္ဆီဒုိးနီးယားနယ္စပ္၌ ဆႏၵျပ



ဂရိနိုင္ငံ နယ္ျခားကို ၀င္ေရာက္လာၾကတဲ့ ဒုကၡသည္ေတြက နယ္စပ္က ပိတ္ထားတဲ့ တခါးကို အတင္းတြန္းျပီး ၀င္ေရာက္လာၾကတာေၾကာင့္ နယ္ျခားေစာင့္ တပ္ေတြက မ်က္ယိုဗံုးေတြ ပစ္ျပီး လုစုခြဲေနရေၾကာင္း
သိရပါတယ္။
ဂရိႏုိင္ငံေျမာက္ပိုင္းတြင္ ေသာင္တင္ေနေသာ ေရႊ႕ေျပာင္း ဒုကၡသည္မ်ားသည္ ေဖေဖာ္ဝါရီ ၂၉ ရက္က
မက္ဆီဒိုးနီးယားႏွင့္ နယ္စပ္ရွိ ၿခံစည္း႐ိုးမ်ားကို ခ်ဳိးဖ်က္ကာ ယင္းႏုိင္ငံအတြင္းသို႔ ဝင္ေရာက္သြားေနၾကတာပါ။
အဆိုပါ ေရႊ႕ေျပာင္း ဒုကၡသည္မ်ားသည္ နယ္စပ္ၿခံစည္း ႐ိုးကို ဖ်က္ဆီးရန္အတြက္ သံမဏိေခ်ာင္းကို အသံုးျပဳခဲ့ေၾကာင္းႏွင့္ မက္ဆီဒိုးနီးယား ႏုိင္ငံ အတြင္းသို႔ ဝင္ေရာက္သြားသည့္ ဒုကၡသည္ အေရအတြက္ႏွင့္ ပတ္သက္၍ မည္သည့္ သတင္း အခ်က္အလက္မွ် ရရွိထားျခင္းမရွိေၾကာင္း ဘီဘီစီ သတင္းဌာနက ေဖာ္ျပထားသည္။
ဒုကၡသည္ ၆ဝဝဝ ခန္႔သည္ ေဖေဖာ္ဝါရီ ၂၇ ရက္မွစ၍ ဂရိႏုိင္ငံ Idomeni ဒုကၡသည္ စခန္းသို႔ စု႐ံုးေရာက္ရွိလာၿပီး မက္ဆီဒုိးနီးယား ႏုိင္ငံသုိ႔ သြားေရာက္ရန္ ၾကားေနဇုန္သုိ႔ ဝင္ေရာက္ခြင့္ ရရွိေရး ေစာင့္ဆုိင္းခဲ့ေၾကာင္း ဂရိ သတင္းဌာနမ်ားက ေဖာ္ျပထားသည္။ မက္ဆီဒိုးနီးယား ႏုိင္ငံသည္ ေဖေဖာ္ဝါရီလ အေစာပိုင္းက အာဖဂန္နစၥတန္ ဒုကၡသည္ မ်ား ႏုိင္ငံအတြင္း ဝင္ေရာက္ခြင့္ကို တားျမစ္လိုက္သည့္အတြက္ နယ္စပ္တြင္ ေစာင့္ဆုိင္းေနသည့္ ဒုကၡသည္ အေရအတြက္ တုိးျမင့္လာျခင္းျဖစ္သည္။ ထို႔ျပင္ တူရကီႏုိင္ငံမွ တစ္ဆင့္ ေအဂ်ီအန္ ပင္လယ္ ကိုျဖတ္ကာ ဥေရာပေဒသသို႔ ဝင္ေရာက္ရာတြင္ အဓိကစခန္းေထာက္ ေနရာျဖစ္သည့္ ဂရိ ႏိုင္ငံ၏ နယ္စပ္မ်ားကို ကင္းလွည့္ရာတြင္ ေထာက္ပံ့ မႈ မ်ားေပးရန္ မက္ဆီဒိုးနီးယားႏိုင္ငံက ခ်က္၊ ဟန္ေဂရီ၊ ပိုလန္ႏွင့္ ဆလိုဗက္ကီးယား ႏုိင္ငံတို႔ကို ေတာင္းဆိုထားေၾကာင္း သိရသည္။

Social Action for Women - SAW shared
၂-၃-၂၀၁၆

ps://www.facebook.com/inthenowrt/videos/582772195206487/?fref=nf

............................................


ရွှေ့ပြောင်းအခြေချသူများက ဂရိ-မက်ဆီဒိုးနီးယားနယ်စပ်၌ ဆန္ဒပြ

ဂရိနိုင်ငံ နယ်ခြားကို ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေက နယ်စပ်က ပိတ်ထားတဲ့ တခါးကို အတင်းတွန်းပြီး ၀င်ရောက်လာကြတာကြောင့် နယ်ခြားစောင့် တပ်တွေက မျက်ယိုဗုံးတွေ ပစ်ပြီး လုစုခွဲနေရကြောင်း
သိရပါတယ်။
ဂရိနိုင်ငံမြောက်ပိုင်းတွင် သောင်တင်နေသော ရွှေ့ပြောင်း ဒုက္ခသည်များသည် ဖေဖော်ဝါရီ ၂၉ ရက်က
မက်ဆီဒိုးနီးယားနှင့် နယ်စပ်ရှိ ခြံစည်းရိုးများကို ချိုးဖျက်ကာ ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သွားနေကြတာပါ။
အဆိုပါ ရွှေ့ပြောင်း ဒုက္ခသည်များသည် နယ်စပ်ခြံစည်း ရိုးကို ဖျက်ဆီးရန်အတွက် သံမဏိချောင်းကို အသုံးပြုခဲ့ကြောင်းနှင့် မက်ဆီဒိုးနီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်သွားသည့် ဒုက္ခသည် အရေအတွက်နှင့် ပတ်သက်၍ မည်သည့် သတင်း အချက်အလက်မျှ ရရှိထားခြင်းမရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။
ဒုက္ခသည် ၆ဝဝဝ ခန့်သည် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ဂရိနိုင်ငံ Idomeni ဒုက္ခသည် စခန်းသို့ စုရုံးရောက်ရှိလာပြီး မက်ဆီဒိုးနီးယား နိုင်ငံသို့ သွားရောက်ရန် ကြားနေဇုန်သို့ ဝင်ရောက်ခွင့် ရရှိရေး စောင့်ဆိုင်းခဲ့ကြောင်း ဂရိ သတင်းဌာနများက ဖော်ပြထားသည်။ မက်ဆီဒိုးနီးယား နိုင်ငံသည် ဖေဖော်ဝါရီလ အစောပိုင်းက အာဖဂန်နစ္စတန် ဒုက္ခသည် များ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို တားမြစ်လိုက်သည့်အတွက် နယ်စပ်တွင် စောင့်ဆိုင်းနေသည့် ဒုက္ခသည် အရေအတွက် တိုးမြင့်လာခြင်းဖြစ်သည်။ ထို့ပြင် တူရကီနိုင်ငံမှ တစ်ဆင့် အေဂျီအန် ပင်လယ် ကိုဖြတ်ကာ ဥရောပဒေသသို့ ဝင်ရောက်ရာတွင် အဓိကစခန်းထောက် နေရာဖြစ်သည့် ဂရိ နိုင်ငံ၏ နယ်စပ်များကို ကင်းလှည့်ရာတွင် ထောက်ပံ့ မှု များပေးရန် မက်ဆီဒိုးနီးယားနိုင်ငံက ချက်၊ ဟန်ဂေရီ၊ ပိုလန်နှင့် ဆလိုဗက်ကီးယား နိုင်ငံတို့ကို တောင်းဆိုထားကြောင်း သိရသည်။

Social Action for Women - SAW shared
၂-၃-၂၀၁၆

ps://www.facebook.com/inthenowrt/videos/582772195206487/?fref=nf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment