အစၥလာမ္အစြန္းေရာက္လႈပ္ရွားမႈ က်ဆံုးမယ့္အေၾကာင္း Bin Laden မေသခင္ ေဟာကိန္းထုတ္ (အစ္စလာမ်အစွန်းရောက်လှုပ်ရှားမှု ကျဆုံးမယ့်အကြောင်း Bin Laden မသေခင် ဟောကိန်းထုတ် )


အေနာက္အုပ္စုႏုိင္ငံေတြအေပၚ အႏုိင္မရမီ အစၥလာမ္မစ္ႏုိင္ငံေတာ္ ထူေထာင္ေၾကာင္း ထုတ္ျပန္မယ့္ IS အစၥလာမ္စစ္ေသြးႂကြေတြရဲ႕ ႀကိဳးပမ္းမႈ မွန္သမွ်ဟာ ေအာင္ျမင္မွာ မဟုတ္တဲ့အေၾကာင္း Osama Bin Laden က သူမေသခင္က ႀကိဳတင္ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဘင္လာဒင္ ေသဆုံးခဲ့တဲ့ ပါကစၥတန္ႏုိင္ငံ Abbottabad ၿမိဳ႕မွာရွိတဲ့ Al-Qaida ေခါင္းေဆာင္ရဲ႕ ေနအိမ္ကုိ Navy Seal အေမရိကန္ လက္ေရြးစင္တပ္ဖြဲ႔ေတြက ၂၀၁၁ ခုႏွစ္အတြင္း ၀င္ေရာက္ စီးႏွင္းမႈကေန သိမ္းဆည္းရမိခဲ့တဲ့ စာရြက္စာတမ္းေတြထဲကေန လွ်ဳိ႕၀ွက္အဆင့္ ေလ်ာ့ခ်ၿပီး ထုတ္ျပန္လုိက္တဲ့ အေထာက္အထား ၁၁၃ မ်က္ႏွာထဲမွာ အခုလုိ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

အာရပ္လုိေရးထားၿပီး အေမရိကန္ ေထာက္လွမ္းေရးေအဂ်င္စီက ဘာသာျပန္ထားတဲ့ အဲဒီ အေထာက္အထားေတြအရ ဘင္လာဒင္ဟာ စီမံကြပ္ကဲေရးမွာ လက္ေတြ႔က်ၿပီး သူထူေထာင္ခဲ့တဲ့အဖြဲ႔ ၿပိဳပ်က္မသြားေအာင္ ႀကိဳးစားလုပ္ေဆာင္ေနတဲ့ တခ်ိန္ထဲမွာပဲ စုိးရိမ္ သံသယစိတ္ေတြ ႀကီးထြားလာေနတယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ၂၀၀၁ ခုႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စုမွာ လူေပါင္း ၃,၀၀၀ နီးပါး ေသဆုံးခဲ့ရတဲ့ တုိက္ခုိက္မႈကုိ အမိန္႔ေပးခဲ့တဲ့ ဘင္လာဒင္က သူ႔ရဲ႕ ပုဂၢဳိလ္ေရးပုိင္ဆုိင္မႈ အေမရိကန္ေဒၚလာ ၂၉ သန္းခန္႔ကေန အမ်ားစုကုိ အလႅာရွင္ျမတ္အတြက္ ဂ်ီဟတ္ဘာသာေရးစစ္ဆင္ႏြဲဖုိ႔ အသုံးျပဳေစလုိေၾကာင္း ေသတမ္းစာ ေရးထားခဲ့တယ္လုိ႔ ဆုိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............


အနောက်အုပ်စုနိုင်ငံတွေအပေါ် အနိုင်မရမီ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ကြောင်း ထုတ်ပြန်မယ့် IS အစ္စလာမ်စစ်သွေးကြွတွေရဲ့ ကြိုးပမ်းမှု မှန်သမျှဟာ အောင်မြင်မှာ မဟုတ်တဲ့အကြောင်း Osama Bin Laden က သူမသေခင်က ကြိုတင် ဟောကိန်းထုတ်ခဲ့ပါတယ်။

ဘင်လာဒင် သေဆုံးခဲ့တဲ့ ပါကစ္စတန်နိုင်ငံ Abbottabad မြို့မှာရှိတဲ့ Al-Qaida ခေါင်းဆောင်ရဲ့ နေအိမ်ကို Navy Seal အမေရိကန် လက်ရွေးစင်တပ်ဖွဲ့တွေက ၂၀၁၁ ခုနှစ်အတွင်း ၀င်ရောက် စီးနှင်းမှုကနေ သိမ်းဆည်းရမိခဲ့တဲ့ စာရွက်စာတမ်းတွေထဲကနေ လျှို့ဝှက်အဆင့် လျော့ချပြီး ထုတ်ပြန်လိုက်တဲ့ အထောက်အထား ၁၁၃ မျက်နှာထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

အာရပ်လိုရေးထားပြီး အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက ဘာသာပြန်ထားတဲ့ အဲဒီ အထောက်အထားတွေအရ ဘင်လာဒင်ဟာ စီမံကွပ်ကဲရေးမှာ လက်တွေ့ကျပြီး သူထူထောင်ခဲ့တဲ့အဖွဲ့ ပြိုပျက်မသွားအောင် ကြိုးစားလုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ စိုးရိမ် သံသယစိတ်တွေ ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၀၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို အမိန့်ပေးခဲ့တဲ့ ဘင်လာဒင်က သူ့ရဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၉ သန်းခန့်ကနေ အများစုကို အလ္လာရှင်မြတ်အတွက် ဂျီဟတ်ဘာသာရေးစစ်ဆင်နွဲဖို့ အသုံးပြုစေလိုကြောင်း သေတမ်းစာ ရေးထားခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment