လာအိုတြင္ စစ္ေသြးၾကြမ်ား၏ တိုက္ခိုက္မႈေၾကာင့္ တရုတ္ႏိုင္ငံသား တစ္ဦးေသဆံုး၊ အျခားသံုးဦးဒဏ္ရာရရွိ


    ဗီယန္က်င္း၊ မတ္ ၂ ရက္ (ဆင္ဟြာ)

    လာအိုႏိုင္ငံ၊ Luang Prabang ျပည္နယ္၊ Phoukhoun ခရိုင္ တြင္ မတ္လ ၁ရက္ေန႕ ညေနပိုင္းက အမည္မသိ စစ္ေသြးၾကြမ်ား၏ တိုက္ခိုက္မႈေၾကာင့္ တရုတ္ႏိုင္ငံသား တစ္ဦးေသဆံုးျပီး အျခားသံုးဦးဒဏ္ရာရရွိခဲ့ေၾကာင္း Luang Prabang ရွိ တရုတ္ေကာင္စစ္ဝန္ခ်ဳပ္ က မတ္လ ၂ရက္ေန႕တြင္ အတည္ျပဳေျပာၾကားခဲ့သည္။

အဆုိပါ တိုက္ခိုက္ခံရမႈ သည္ ညေန ၇နာရီ ဝန္းက်င္တြင္ ျဖစ္ပြားခဲ့ျပီး တရုတ္ႏိုင္ငံ မွ ရင္းႏွီးျမုဳပ္ႏွံထားသည့္ ကုမၸဏီတစ္ခုကို ဦးတည္တိုက္ခိုက္ခဲ့ျခင္းျဖစ္ကာ တရုတ္လူမ်ဳိး အလုပ္သမားတစ္ဦး ႏွင့္ အျခား သံုးဦး ဒဏ္ရာရရွိခဲ့သည္။ ဒဏ္ရာရရွိသူမ်ားအား ေဆးကုသမႈခံယူရန္ Luang Prabang ရွိ ေဆးရံုသို႕ေပးေဆာင္ ထားေၾကာင္း တရုတ္ေကာင္စစ္ဝန္ခ်ဳပ္ ကေျပာၾကားခဲ့သည္။

အဆုိပါေဒသ ၌ပင္ ညေန ၈နာရီ ဝန္းက်င္က တိုက္ခိုက္မႈ ေနာက္ထပ္ ျဖစ္ပြားခဲ့ေၾကာင္း၊ လာအိုႏိုင္ငံ ျမိဳ႕ေတာ္ ဗီယန္က်င္း မွ Phongsaly ျပည္နယ္သို႔ သြားေရာက္သည့္ ဘတ္စ္ကားတစ္စီး တိုက္ခိုက္ခံရျပီး လာအိုႏိုင္ငံသား သံုးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ထုိ႕အျပင္ ပစ္ကပ္ ကားတစ္စီးလည္း တိုက္ခိုက္ခံရျပီး အနည္းဆံုး လာအို ႏိုင္ငံသား ၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေကာင္စစ္ဝန္ခ်ဳပ္ ကေျပာၾကားခဲ့သည္။

တိုက္ခိုက္မႈမ်ား ျဖစ္ပြားျပီးေနာက္ Luang Prabang ျပည္နယ္ စစ္တပ္အား စစ္ေသြးၾကြမ်ားကို ေခ်မႈန္းရန္ အတြက္ ေစလႊတ္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com

.....................................


    ဗီယန်ကျင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

    လာအိုနိုင်ငံ၊ Luang Prabang ပြည်နယ်၊ Phoukhoun ခရိုင် တွင် မတ်လ ၁ရက်နေ့ ညနေပိုင်းက အမည်မသိ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား တစ်ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း Luang Prabang ရှိ တရုတ်ကောင်စစ်ဝန်ချုပ် က မတ်လ ၂ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမှု သည် ညနေ ရနာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ မှ ရင်းနှီးမြုုပ်နှံထားသည့် ကုမ္ပဏီတစ်ခုကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တရုတ်လူမျိုး အလုပ်သမားတစ်ဦး နှင့် အခြား သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူရန် Luang Prabang ရှိ ဆေးရုံသို့ပေးဆောင် ထားကြောင်း တရုတ်ကောင်စစ်ဝန်ချုပ် ကပြောကြားခဲ့သည်။

အဆိုပါဒေသ ၌ပင် ညနေ ၈နာရီ ဝန်းကျင်က တိုက်ခိုက်မှု နောက်ထပ် ဖြစ်ပွားခဲ့ကြောင်း၊ လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်း မှ Phongsaly ပြည်နယ်သို့ သွားရောက်သည့် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီး လာအိုနိုင်ငံသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပစ်ကပ် ကားတစ်စီးလည်း တိုက်ခိုက်ခံရပြီး အနည်းဆုံး လာအို နိုင်ငံသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကောင်စစ်ဝန်ချုပ် ကပြောကြားခဲ့သည်။

တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် Luang Prabang ပြည်နယ် စစ်တပ်အား စစ်သွေးကြွများကို ချေမှုန်းရန် အတွက် စေလွှတ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment