လက္ဘႏြန္အေျခစုိက္ ဟစ္ဇ္ဘုိလာအဖြဲ႔ကုိ အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ ေၾကညာ(လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာ)
ရီယာ့ဒ္ မတ္ ၂
ေဆာ္ဒီအာေရဗ်ဦးေဆာင္သည့္ ပင္လယ္ေကြ႕ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးေကာင္စီသည္ လက္ဘ ႏြန္အေျခစုိက္ ရွီးယုိက္စစ္ေသြးၾကြလက္နက္ကုိင္အဖြဲ႕ ႏွင့္ ႏုိင္ငံေရးပါတီျဖစ္ေသာ ဟစ္ဇ္ဘုိလာအဖြဲ႕ကုိ အၾကမ္း ဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာလုိက္သည္။ ပင္လယ္ ေကြ႕ႏုိင္ငံမ်ား၌ ယင္းအဖြဲ႕က ရန္ဘက္အျပဳအမူမ်ား လုပ္ေဆာင္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္း သတင္းတြင္ ေဖာ္ျပသည္။
ဆီးရီးယား ျပည္တြင္းစစ္တြင္ သမၼတ ဘာရွားအယ္ အာဆတ္အစုိးရအဖြဲ႕ဘက္မွ ေထာက္ခံျခင္း၊ ေဒသတြင္း၌ ေဆာ္ဒီအာေရဗ်၏ ၿပိဳင္ဘက္ အီရန္က ေထာက္ပံ့မႈမ်ား ေပးျခင္းကုိ ရရွိေနခ်ိန္တြင္ ပင္လယ္ေကြ႕ ပူးေပါင္း ေဆာင္ရြက္ေရးေကာင္စီ (ဂ်ီစီစီ)ဝင္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု၊ ကူဝိတ္၊ ကာတာ၊ ဘာရိန္းႏွင့္ အုိမန္ ႏုိင္ငံတုိ႔က ဟစ္ဇ္ဘုိလာအဖြဲ႕အား အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္း ျဖစ္သည္။
ေဆယက္ဟက္ဆန္ နာဆာလား ေခါင္းေဆာင္သည့္ ဟစ္ဇ္ဘုိလာအဖြဲ႕သည္ အၾကမ္းဖက္တုိက္ခုိက္မႈမ်ား ျပဳလုပ္ျခင္း၊ လက္နက္မ်ားႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ား ေမွာင္ခုိသယ္ေဆာင္ျခင္း၊ ႏုိင္ငံေတာ္အား အၾကည္ ညိဳပ်က္ေစရန္ ေျမႇာက္ပင့္ေပးျခင္းႏွင့္ အၾကမ္းဖက္မႈမ်ား ျဖစ္ေပၚေစရန္ လႈံ႔ေဆာ္ျခင္းတုိ႔ျပဳလုပ္ေနသည္ဟူ၍ ဂ်ီစီစီက ေျပာၾကားသည္။
ပင္လယ္ေကြ႕ႏုိင္ငံမ်ားသည္ ဆီးရီးယားအုပ္စုိးသူမ်ားအား ဟစ္ဇ္ဘုိလာအဖြဲ႕ဝင္မ်ားက ေထာက္ပံ့မႈမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ၂ဝ၁၃ ခုႏွစ္အတြင္း ယင္းအဖြဲ႕အေပၚ အေရးယူပိတ္ဆုိ႔မႈမ်ား ျပဳလုပ္ခဲ့သည္။
႐ုိက္တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
....................
အာဖဂန်နစ္စတန်နိုင်ငံရှိ
ရီယာ့ဒ် မတ် ၂
ဆော်ဒီအာရေဗျဦးဆောင်သည့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီသည် လက်ဘ နွန်အခြေစိုက် ရှီးယိုက်စစ်သွေးကြွလက်နက်ကိုင်အဖွဲ့ နှင့် နိုင်ငံရေးပါတီဖြစ်သော ဟစ်ဇ်ဘိုလာအဖွဲ့ကို အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်သည်။ ပင်လယ် ကွေ့နိုင်ငံများ၌ ယင်းအဖွဲ့က ရန်ဘက်အပြုအမူများ လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဆီးရီးယား ပြည်တွင်းစစ်တွင် သမ္မတ ဘာရှားအယ် အာဆတ်အစိုးရအဖွဲ့ဘက်မှ ထောက်ခံခြင်း၊ ဒေသတွင်း၌ ဆော်ဒီအာရေဗျ၏ ပြိုင်ဘက် အီရန်က ထောက်ပံ့မှုများ ပေးခြင်းကို ရရှိနေချိန်တွင် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (ဂျီစီစီ)ဝင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်းနှင့် အိုမန် နိုင်ငံတို့က ဟစ်ဇ်ဘိုလာအဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
ဆေယက်ဟက်ဆန် နာဆာလား ခေါင်းဆောင်သည့် ဟစ်ဇ်ဘိုလာအဖွဲ့သည် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ မှောင်ခိုသယ်ဆောင်ခြင်း၊ နိုင်ငံတော်အား အကြည် ညိုပျက်စေရန် မြှောက်ပင့်ပေးခြင်းနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်းတို့ပြုလုပ်နေသည်ဟူ၍ ဂျီစီစီက ပြောကြားသည်။
ပင်လယ်ကွေ့နိုင်ငံများသည် ဆီးရီးယားအုပ်စိုးသူများအား ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များက ထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း ယင်းအဖွဲ့အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDailyအိန္ဒိယကောင်စစ်ဝန်ရုံးအား တိုက်ခိုက်သူလေးဦးကို လုံခြုံရေးတပ်ဖွဲ့က သုတ်သင်
0 comments:
Post a Comment