တရုတ္ကုန္ထုတ္လုပ္မႈ ၄ ႏွစ္မွာ အနိမ့္ဆံုးျဖစ္


တ႐ုတ္ႏုိင္ငံရဲ႕ ကုန္ထုတ္လုပ္မႈက႑ဟာ ေလးႏွစ္အတြင္း အနိမ့္ဆံုးအဆင့္ကို က်ဆင္းသြားတဲ့အေၾကာင္း ဒီကေန႔ ထုတ္ျပန္တဲ့ ကိန္းဂဏန္းသစ္ေတြမွာ ေဖာ္ျပေနပါတယ္။ ဒါဟာ ကမၻာ့ ဒုတိယ စီးပြားေရး အင္အားအႀကီးဆံုး တ႐ုတ္ႏုိင္ငံရဲ႕ စီးပြားေရး အားနည္းလာတဲ့ အေျခအေနကို ေနာက္ဆံုး ေဖာ္ျပလိုက္တဲ့ လကၡဏာပဲျဖစ္ပါတယ္။

ထုတ္ကုန္လုပ္ငန္းေတြနဲ႔ပတ္သက္လို႔ ေလလာ့ ေစာင့္ၾကည္ၿပီး ထုတ္ျပန္တဲ့ PMI အညြန္းကိန္းဟာ ေဖေဖာ္၀ါရီလတြင္း ၄၉.၀ အထိ က်ဆင္းသြားၿပီး ဒါဟာ ဒီ့မတိုင္ခင္လက ရွိခဲ့တဲ့ ၄၉.၄ အဆင့္ကေန ထပ္မံ က်ဆင္းသြားတာပါ။ PMI အညြန္းကိန္း ၅၀ အထက္ရွိရင္ ကုန္ထုတ္လုပ္မႈ အားေကာင္းတယ္လုိ႔ သတ္မွတ္ၿပီး အညြန္းကိန္း ၅၀ ေအာက္ ေရာက္သြားရင္ေတာ့ က်ဆင္းမႈလုိ႔ သတ္မွတ္တာျဖစ္ပါတယ္။ အခုေနာက္ဆံုး တရား၀င္ PMI အညြန္းကိန္းအရ ကုန္ထုတ္လုပ္မႈ ၇ လ ဆက္တိုက္ က်ဆင္းတာကို ေဖာ္ျပေနၿပီး ဒါဟာ ၂၀၁၁ ခုႏွစ္ ႏို၀င္ဘာလ ကစလို႔ အနိမ့္ဆံုးအဆင့္ကို ေရာက္သြားတာျဖစ္ပါတယ္။

ေငြေၾကးနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ေဖာ္ျပတဲ့ ပုဂၢလိက မီဒီယာကုမၸဏီ Caixin က သီးျခား စုေဆာင္း ေကာက္ယူထားတဲ့ စာရင္းမွာေတာ့ PMI အညြန္းကိန္း ၁၂ လဆက္တုိက္ က်ဆင္းသြားတာကို ေဖာ္ျပေနပါတယ္။ ဒီကုမၸဏီကေတာ့ အေသးစား စီးပြားေရးလုပ္ငန္းေတြကို အဓိကထားၿပီး ေလ့လာ သံုးသပ္ထားတာျဖစ္ပါတယ္။ ေလ့လာေစာင့္ၾကည့္သူေတြကေတာ့ ၿပီးခဲ့တဲ့လတြင္း ကုန္ထုတ္လုပ္မႈေတြ က်ဆင္းရတာဟာ တ႐ုတ္ ႏွစ္သစ္ကူး အားလပ္ရက္တြင္း စက္႐ံုေတြပိတ္ၿပီး အလုပ္သမားေတြ အိမ္ျပန္ ၾကတာေၾကာင့္ ျဖစ္ႏိုင္ တယ္လုိ႔ ေျပာဆိုေနၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................................


တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍဟာ လေးနှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းသစ်တွေမှာ ဖော်ပြနေပါတယ်။ ဒါဟာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေး အားနည်းလာတဲ့ အခြေအနေကို နောက်ဆုံး ဖော်ပြလိုက်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။

ထုတ်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ လေလာ့ စောင့်ကြည်ပြီး ထုတ်ပြန်တဲ့ PMI အညွန်းကိန်းဟာ ဖေဖော်ဝါရီလတွင်း ၄၉.၀ အထိ ကျဆင်းသွားပြီး ဒါဟာ ဒီ့မတိုင်ခင်လက ရှိခဲ့တဲ့ ၄၉.၄ အဆင့်ကနေ ထပ်မံ ကျဆင်းသွားတာပါ။ PMI အညွန်းကိန်း ၅၀ အထက်ရှိရင် ကုန်ထုတ်လုပ်မှု အားကောင်းတယ်လို့ သတ်မှတ်ပြီး အညွန်းကိန်း ၅၀ အောက် ရောက်သွားရင်တော့ ကျဆင်းမှုလို့ သတ်မှတ်တာဖြစ်ပါတယ်။ အခုနောက်ဆုံး တရားဝင် PMI အညွန်းကိန်းအရ ကုန်ထုတ်လုပ်မှု ရ လ ဆက်တိုက် ကျဆင်းတာကို ဖော်ပြနေပြီး ဒါဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ကစလို့ အနိမ့်ဆုံးအဆင့်ကို ရောက်သွားတာဖြစ်ပါတယ်။

ငွေကြေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ပြတဲ့ ပုဂ္ဂလိက မီဒီယာကုမ္ပဏီ Caixin က သီးခြား စုဆောင်း ကောက်ယူထားတဲ့ စာရင်းမှာတော့ PMI အညွန်းကိန်း ၁၂ လဆက်တိုက် ကျဆင်းသွားတာကို ဖော်ပြနေပါတယ်။ ဒီကုမ္ပဏီကတော့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို အဓိကထားပြီး လေ့လာ သုံးသပ်ထားတာဖြစ်ပါတယ်။ လေ့လာစောင့်ကြည့်သူတွေကတော့ ပြီးခဲ့တဲ့လတွင်း ကုန်ထုတ်လုပ်မှုတွေ ကျဆင်းရတာဟာ တရုတ် နှစ်သစ်ကူး အားလပ်ရက်တွင်း စက်ရုံတွေပိတ်ပြီး အလုပ်သမားတွေ အိမ်ပြန် ကြတာကြောင့် ဖြစ်နိုင် တယ်လို့ ပြောဆိုနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment