အတိုက္ခံရတဲ့ အီရတ္ စစ္စခန္းက ဟဒီသာ ဆည္အနီးမွာ ရွိတယ္လို႔ ဆို။ |
ဟဒီသာ ၿမိဳ႕က စစ္စခန္း တစ္ခုထဲကို တနလၤာေန႔ ေႏွာင္းပိုင္းက စစ္ဝတ္စုံ ဝတ္ထားတဲ့ စစ္ေသြးႂကြ ၄ ေယာက္ ဝင္ေရာက္ နိုင္ခဲ့ၿပီးေနာက္ အေသခံ ဗုံးခြဲ တိုက္ခိုက္ ခဲ့ၾကတာလို႔ ဆိုပါတယ္။
အီရတ္မွာ IS အဖြဲ႕ရဲ့ အေသခံ ဗုံးခြဲ တိုက္ခိုက္မွုေတြ ဆက္တိုက္ ျဖစ္ပြား ေနခဲ့ရာမွာ ဒီတိုက္ခိုက္မွုက ေနာက္ဆုံး တစ္ခု ျဖစ္ပါတယ္။
တနလၤာေန႔မွာပဲ အီရတ္ အေရွ႕ပိုင္းက မုဒါဒီယာ ၿမိဳ႕မွာ ရွီးယား ျပည္သူ႔စစ္ ေခါင္းေဆာင္ေတြ တက္ေရာက္တဲ့ အသုဘ အခမ္းအနားတစ္ခု ဗုံးခြဲ တိုက္ခိုက္ ခံခဲ့ရၿပီး အနည္းဆုံး အေယာက္ ၄၀ ေသဆုံး ခဲ့ပါတယ္။
တစ္ခါ ဘဂၢဒက္ ၿမိဳ႕က စစ္ေဆးေရး ဂိတ္တစ္ခုမွာ ေပါက္ကြဲခဲ့လို႔ လုံျခဳံေရး တပ္ဖြဲ႕ဝင္ ၈ ဦး ေသဆုံး ခဲ့ပါတယ္။
တနဂၤေႏြ ေန႔ကလည္း ဆာဒါ ၿမိဳ႕က ရွီးယားေတြ အမ်ားစု ေနထိုင္ရာ ေဒသက ေစ်းတစ္ခုကို စစ္ေသြးႂကြ ႏွစ္ေယာက္က တိုက္ခိုက္ခဲ့ရာမွာ လူ ၇၀ ေသဆုံးခဲ့ရပါတယ္။
BBC Burmese
http://www.bbc.com/burmese
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
အတိုက်ခံရတဲ့ အီရတ် စစ်စခန်းက ဟဒီသာ ဆည်အနီးမှာ ရှိတယ်လို့ ဆို။
အီရတ် အနောက်ပိုင်းမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အီရတ် စစ်တပ်က ဗိုလ်ချုပ် တစ်ယောက်နဲ့ စစ်သား ၉ ယောက် သေဆုံးသွားတယ်လို့ လုံခြုံရေး သတင်းရပ်ကွက်က ပြောပါတယ်။
ဟဒီသာ မြို့က စစ်စခန်း တစ်ခုထဲကို တနင်္လာနေ့ နှောင်းပိုင်းက စစ်ဝတ်စုံ ဝတ်ထားတဲ့ စစ်သွေးကြွ ၄ ယောက် ဝင်ရောက် နိုင်ခဲ့ပြီးနောက် အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့ကြတာလို့ ဆိုပါတယ်။
အီရတ်မှာ IS အဖွဲ့ရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား နေခဲ့ရာမှာ ဒီတိုက်ခိုက်မှုက နောက်ဆုံး တစ်ခု ဖြစ်ပါတယ်။
တနင်္လာနေ့မှာပဲ အီရတ် အရှေ့ပိုင်းက မုဒါဒီယာ မြို့မှာ ရှီးယား ပြည်သူ့စစ် ခေါင်းဆောင်တွေ တက်ရောက်တဲ့ အသုဘ အခမ်းအနားတစ်ခု ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရပြီး အနည်းဆုံး အယောက် ၄၀ သေဆုံး ခဲ့ပါတယ်။
တစ်ခါ ဘဂ္ဂဒက် မြို့က စစ်ဆေးရေး ဂိတ်တစ်ခုမှာ ပေါက်ကွဲခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး ခဲ့ပါတယ်။
တနင်္ဂနွေ နေ့ကလည်း ဆာဒါ မြို့က ရှီးယားတွေ အများစု နေထိုင်ရာ ဒေသက စျေးတစ်ခုကို စစ်သွေးကြွ နှစ်ယောက်က တိုက်ခိုက်ခဲ့ရာမှာ လူ ရ၀ သေဆုံးခဲ့ရပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment