Breaking news on 4March2016
မန်နေဂျာ အွန်လိုင်း
............
ထိုင်းနိုင်ငံ ဘန်ကောက်မြို ့ ကျလန်ကုန် လမ်း စံရော့ပလာဇာ အနီး လမ်းမဘေးမှ အမှတ် ၁၂၇/၁ လက်နက်မျိုးစုံအရောင်ဆိုင်ကို အာရှ နိုင်ငံသားဟု ယူဆရသောတရုတ်လူမျိုး ငါးဦး ၀င်ရောက် လုယက်ခဲ့ကြလို ့ ဆိုင်ရှင်က ပြန်လည် တိုက်ခဲ့ကြောင်း ၊ BB Gun သေနတ်အတုနဲ ့ ဓါးတွေကိုင်ဆောင်ပြီး ဆိုင်တွင်းဝင်ရောက် လုယက် နေကြစဉ် အပြင်မှာ ကင်းလညှ့်နေကြတဲ့ ရဲတွေကအချိန်မှီရောက် လာကြပါတယ်။
လုယက်တဲ့ လူငါးဦး ဆိုင်အပြင်ထွက်လာချိန်မှာထိုင်း ရဲတွေ က ပစ်ခတ်လို ့ တစ်ဦးသေဆုံး နှစ်ဦးသေနတ်ဒဏ်ရာရခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်၊ ဦးဆောင်လာသူ တဦးကတော့ ထွက်ပြေးလွတ်မြောက်သွားလို ့ ထိုင်းရဲတွေ လမ်းတွေပိတ်ဆို ့ရှာဖွေဖမ်းဆီးနေပါတယ်။
နောက်ဆုံးဖေါ်ပြတဲ့ သတင်းတွေမှာ တရားခံလုယက်သူ ငါးဦးမှာ မွန်ဂိုးလီယား နိုင်ငံသား နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားကြကြောင်း၊နှစ်ဦးနံမည်မှာ လီနဲ ့ ၀မ်ကျင်ဝေဖြစ်တယ်လို ့ ဆိုပါတယ်။
ယခုဖြစ်ရပ်နဲ ့ ပါတ်သက်ပြီး အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်ဟုတ်မဟုတ် ကို ရဲတွေက ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
မန်နေဂျာ အွန်လိုင်း
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment