ေျမာက္ကိုရီးယားက ပဲ့ထိန္းဒုံးက်ည္ေတြ စမ္းသပ္ခြင့္ သူတို႔မွာ ရွိတယ္လို႔ ေျပာ။ |
ေျမာက္ကိုရီးယား အေရွ႕ဘက္ ကမ္းရိုးတန္းမွာ ရွိတဲ့ ဝန္ဆန္ ၿမိဳ႕ကေန ဒုံးက်ည္ေတြကို ပင္လယ္ထဲကို ပစ္ခဲ့တာလို႔ ေတာင္ကိုရီးယား အစိုးရ ေျပာခြင့္ရသူက ယြန္ဟပ္ သတင္းဌာနကို ေျပာပါတယ္။
အဲဒီလို ပစ္ခတ္တာဟာ ကုလ သမဂၢရဲ့ ဒဏ္ခတ္ ပိတ္ဆို႔မွုေတြကို ပမာမခန္႔ ျပဳတဲ့ သေဘာလို႔ သတင္းေထာက္ ေတြက ေျပာပါတယ္။
အဲဒီ မတိုင္မီ နာရီပိုင္း အလိုမွာေတာ့ ေျမာက္ကိုရီးယား အေပၚ အျပင္းထန္ဆုံး ဒဏ္ခတ္ ပိတ္ဆို႔မွုေတြကို ကုလ သမဂၢ လုံျခဳံေရး ေကာင္စီက ကန္႔ကြက္သူ မရွိ ျပ႒ာန္းခဲ့တာပါ။
ပိတ္ဆို႔မွုေတြထဲမွာ ေျမာက္ကိုရီးယားကို ဝင္ထြက္တဲ့ ကုန္စည္ မွန္သမၽွကို စစ္ေဆးဖို႔ ပါဝင္သလို၊ အဖြဲ႕အစည္း ၁၂ ခု၊ လူပုဂၢိဳလ္ ၁၆ ေယာက္ တို႔ကိုလည္း နာမည္ပ်က္ စာရင္း သြင္းခဲ့ပါတယ္။
ေျမာက္ကိုရီးယားက န်ဴကလီးယား စမ္းသပ္မွုနဲ႔ ၿဂိဳဟ္တု လႊတ္တင္မွုေတြ အေစာပိုင္းက လုပ္ခဲ့ၿပီးေနာက္ အဲဒီလို ပိတ္ဆို႔မွုေတြကို ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။
အဲဒီ ပိတ္ဆို႔မွု အသစ္ေတြနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားရဲ့ ကာလရွည္ မဟာမိတ္ ျဖစ္ခဲ့တဲ့ တ႐ုတ္နဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔ အၾကား သီတင္းပတ္ ၇ ပတ္ၾကာ ေဆြးေႏြး ခဲ့ၾကရပါတယ္။
BBC Burmese
http://www.bbc.com/burmese
.................................
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ခွင့် သူတို့မှာ ရှိတယ်လို့ ပြော။
ကုလ သမဂ္ဂက မြောက်ကိုရီးယား နိုင်ငံ အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယား နိုင်ငံက တာတိုပစ် ဒုံးကျည် ၆ ခုကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ ဝန်ဆန် မြို့ကနေ ဒုံးကျည်တွေကို ပင်လယ်ထဲကို ပစ်ခဲ့တာလို့ တောင်ကိုရီးယား အစိုးရ ပြောခွင့်ရသူက ယွန်ဟပ် သတင်းဌာနကို ပြောပါတယ်။
အဲဒီလို ပစ်ခတ်တာဟာ ကုလ သမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပမာမခန့် ပြုတဲ့ သဘောလို့ သတင်းထောက် တွေက ပြောပါတယ်။
အဲဒီ မတိုင်မီ နာရီပိုင်း အလိုမှာတော့ မြောက်ကိုရီးယား အပေါ် အပြင်းထန်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ကန့်ကွက်သူ မရှိ ပြဋ္ဌာန်းခဲ့တာပါ။
ပိတ်ဆို့မှုတွေထဲမှာ မြောက်ကိုရီးယားကို ဝင်ထွက်တဲ့ ကုန်စည် မှန်သမျှကို စစ်ဆေးဖို့ ပါဝင်သလို၊ အဖွဲ့အစည်း ၁၂ ခု၊ လူပုဂ္ဂိုလ် ၁၆ ယောက် တို့ကိုလည်း နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုနဲ့ ဂြိုဟ်တု လွှတ်တင်မှုတွေ အစောပိုင်းက လုပ်ခဲ့ပြီးနောက် အဲဒီလို ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပိတ်ဆို့မှု အသစ်တွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ကာလရှည် မဟာမိတ် ဖြစ်ခဲ့တဲ့ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ အကြား သီတင်းပတ် ရ ပတ်ကြာ ဆွေးနွေး ခဲ့ကြရပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment