ထိုင္းႏိုင္ငံရွိ နာမည္ေက်ာ္ က်ားေက်ာင္းမွ က်ားေကာင္ေရ ၁၀၀ေက်ာ္သြားစရာေျမမရွိျဖစ္ေန
ယခင္ကတည္းကအျငင္းပြားဖြယ္ျဖစ္ေပၚေနေသာ ထိုင္းႏိုင္ငံရွိက်ားေက်ာင္းသည္ ယခုလက္ရွိအခ်ိန္တြင္ လူတိုင္းပါးစပ္ဖ်ားမွာျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း ရုိက္တာသတင္းဌာနမွသတင္းမ်ားအရ သိရပါတယ္။ အဆိုပါက်ားေက်ာင္းမွာ တိရိစာၦန္ညွင္းပန္းႏွိပ္စက္မွုမ်ား ၊ေမွာင္ခိုေစ်းကြက္ႏွင့္ ဆက္စပ္မွုရွိေနသည္ဟု သတင္းမ်ားထြက္ေပၚေနသည့္ တစ္ခ်ိန္တည္းမွာပဲ ၂၀၁၃ခုႏွစ္ကတည္းက အဆိုပါဘုန္းႀကီးေက်ာင္းမွ တိရိစာၦန္ရုံလိုင္စင္မွာကုန္ဆံုးရက္ေရာက္ရွိၿပီးေနာက္ လိုင္စင္ထပ္မံရရွိျခင္းမရွိေတာ့ေပ။ ဘုန္းႀကီးေက်ာင္း ၀င္းထဲတြင္ က်ားေကာင္ေရ တစ္ရာေက်ာ္အတြက္ထားရွိရန္ ေနရာအခက္အခဲမွာလည္း စိန္ေခၚမႈ တစ္ရပ္ လည္း ျဖစ္သည္။အဆိုပါ ဘုန္းႀကီးေက်ာင္း၏ေတာရုိင္းတိရိစာၦန္ႀကီးၾကပ္ေရးမွဴး Supitpong Pakdijarung က အင္တာဗ်ဴး ေျဖၾကားရာတြင္ ထိန္းခ်ဳပ္ခံထားရသကဲ့သို႔ျဖစ္ေနၿပီး၊ ျငင္းဆန္ေနခဲ့ကာ က်ားမ်ားေမြးခြင့္အတြက္ ကို အဆံုးအစြန္ထိႀကိဳးစားသြားမည္ျဖစ္ေၾကာင္းကိုသာေျပာၾကားသြားခဲ့သည္။
ထိုင္းႏိုင္ငံက်ားေက်ာင္း၏ မူလအမည္မွာ Parang Tabb Temple ျဖစ္ကာ ထို္င္းႏိုင္ငံ ကန္ခ်ာပူရီ၏ အေနာက္ဘက္မွာတည္ရွိျပီး ယခုအခါ ႏွစ္ေပါင္း ၂၀ ေက်ာ္သက္တမ္းရွိၿပီျဖစ္သည္။ အဆိုပါ ဘုန္းႀကီးေက်ာင္းတြင္ ၁၉၉၉ခုႏွစ္မွာ က်ားေပါက္ေလးကိုစတင္ေမြးဖြားခဲ့ရာမွ ယခုလက္ရွိ အခ်ိန္အထိ ေကာင္ေရ တစ္ရာေက်ာ္ရွိေနၿပီျဖစ္ကာ ယင္းေၾကာင့္လည္း နာမည္ႀကီးဘုန္းႀကီးေက်ာင္း တစ္ေက်ာင္း ျဖစ္လာခဲ့ရသည္။
က်ားမ်ားရွိေသာအဆိုပါ ဘုန္းႀကီးေက်ာင္းသို႔ ကမာၻလွည့္ခရီးသြားမ်ား အမ်ာအျပားလာေရာက္ၾကကာ ၀င္ေၾကးမွာလည္းေစ်းမ်ားလွသည္။ က်ားမ်ားေမြးျမဴထားေသာေၾကာင့္ ဘာသာျခားမ်ား၏ ေ၀ဖန္ျခင္းခံရၿပီး အျခားေသာဗုဒၶဘာသာဘုန္းႀကီးေက်ာင္းမ်ားကလည္း ဘုရားရွင္အဆံုးအမႏွင့္ ေ၀းကြာ ေနသည္ဟု ေ၀ဖန္မႈ မ်ားလည္းရွိေနသည္။ ယခုလက္ရွိမွာေတာ့ တိရိစာၦန္ညွင္းပန္းႏွိပ္စက္မႈ၊ ေမွာင္ခိုေစ်းကြက္ႏွင့္ဆက္စပ္ေနသည္ ဆိုေသာ သတင္းမ်ားက်ယ္ေလာင္စြာထြက္ေပၚေနသည္။
china.com Myanmar
http://myanmar.china.com
..................................................
ယခင်ကတည်းကအငြင်းပွားဖွယ်ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံရှိကျားကျောင်းသည် ယခုလက်ရှိအချိန်တွင် လူတိုင်းပါးစပ်ဖျားမှာပြန်လည်ရောက်ရှိလာခဲ့ကြောင်း ရိုက်တာသတင်းဌာနမှသတင်းများအရ သိရပါတယ်။ အဆိုပါကျားကျောင်းမှာ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုများ ၊မှောင်ခိုစျေးကွက်နှင့် ဆက်စပ်မှုရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့် တစ်ချိန်တည်းမှာပဲ ၂၀၁၃ခုနှစ်ကတည်းက အဆိုပါဘုန်းကြီးကျောင်းမှ တိရိစ္ဆာန်ရုံလိုင်စင်မှာကုန်ဆုံးရက်ရောက်ရှိပြီးနောက် လိုင်စင်ထပ်မံရရှိခြင်းမရှိတော့ပေ။ ဘုန်းကြီးကျောင်း ၀င်းထဲတွင် ကျားကောင်ရေ တစ်ရာကျော်အတွက်ထားရှိရန် နေရာအခက်အခဲမှာလည်း စိန်ခေါ်မှု တစ်ရပ် လည်း ဖြစ်သည်။အဆိုပါ ဘုန်းကြီးကျောင်း၏တောရိုင်းတိရိစ္ဆာန်ကြီးကြပ်ရေးမှူး Supitpong Pakdijarung က အင်တာဗျူး ဖြေကြားရာတွင် ထိန်းချုပ်ခံထားရသကဲ့သို့ဖြစ်နေပြီး၊ ငြင်းဆန်နေခဲ့ကာ ကျားများမွေးခွင့်အတွက် ကို အဆုံးအစွန်ထိကြိုးစားသွားမည်ဖြစ်ကြောင်းကိုသာပြောကြားသွားခဲ့သည်။
ထိုင်းနိုင်ငံကျားကျောင်း၏ မူလအမည်မှာ Parang Tabb Temple ဖြစ်ကာ ထို်င်းနိုင်ငံ ကန်ချာပူရီ၏ အနောက်ဘက်မှာတည်ရှိပြီး ယခုအခါ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိပြီဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်းတွင် ၁၉၉၉ခုနှစ်မှာ ကျားပေါက်လေးကိုစတင်မွေးဖွားခဲ့ရာမှ ယခုလက်ရှိ အချိန်အထိ ကောင်ရေ တစ်ရာကျော်ရှိနေပြီဖြစ်ကာ ယင်းကြောင့်လည်း နာမည်ကြီးဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်လာခဲ့ရသည်။
ကျားများရှိသောအဆိုပါ ဘုန်းကြီးကျောင်းသို့ ကမ္ဘာလှည့်ခရီးသွားများ အမျာအပြားလာရောက်ကြကာ ၀င်ကြေးမှာလည်းစျေးများလှသည်။ ကျားများမွေးမြူထားသောကြောင့် ဘာသာခြားများ၏ ဝေဖန်ခြင်းခံရပြီး အခြားသောဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကလည်း ဘုရားရှင်အဆုံးအမနှင့် ဝေးကွာ နေသည်ဟု ဝေဖန်မှု များလည်းရှိနေသည်။ ယခုလက်ရှိမှာတော့ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု၊ မှောင်ခိုစျေးကွက်နှင့်ဆက်စပ်နေသည် ဆိုသော သတင်းများကျယ်လောင်စွာထွက်ပေါ်နေသည်။
china.com Myanmar
http://myanmar.china.com
0 comments:
Post a Comment