အင္ဂ်င္ေပါက္ကြဲမႈ ျဖစ္သည့္ ခရီးသည္တင္ေလွအား ေတြ႔ရစဥ္ (ဓာတ္ပံု-အင္တာနက္) |
မတ္လ ၅ ရက္တြင္ ဘန္ေကာက္ တူးေျမာင္း တစ္ခု၌ ခရီးသည္တင္ ေလွတစ္စီး၏ အင္ဂ်င္ ေပါက္ကြဲမႈ ေၾကာင့္ ျမန္မာႏွစ္ဦး အပါအဝင္ ခရီးသည္ အေယာက္ ၅၀ ခန္႔ ဒဏ္ရာ ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ေလွအင္ဂ်င္ ေပါက္ကြဲမႈသည္ ဘန္ေကာက္ၿမိဳ႕၊ ဟြာမတ္ခ္ (Hua Mark) ဧရိယာ အတြင္းရွိ Saen Saab တူးေျမာင္း ေပၚရွိ Tepleela ဘုရားေက်ာင္း၏ ဆိပ္ခံတံတား၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ဒဏ္ရာရရွိသူမ်ားအား နီးစပ္ရာ ေဆးရံုမ်ားသို႕ အလွ်င္အျမန္ပို႕ေဆာင္ေပးထားေၾကာင္း သိရသည္။
ယင္း ခရီးသည္ တင္ေလွသည္ ၄င္း၏ ပထမအသုတ္ ခရီး စတင္ ထြက္ခြာသည့္ မတ္လ ၅ ရက္ နံနက္ပိုင္းတြင္ သဘာဝ ဓါတ္ေငြ႕ရည္ (LNG) သံုး အင္ဂ်င္ ေပါက္ကြဲခဲ့ကာ ခရီးသည္မ်ား ဒဏ္ရာ ရရွိခဲ့ေၾကာင္းႏွင့္ ထိခိုက္ခံရသူ အမ်ားစုမွာ ဒဏ္ရာ ေသးငယ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲဲ့သည္။
သို႕ေသာ္ ေပါက္ကြဲမႈေၾကာင့္ ခရီးသည္တင္ေလွ တိမ္းေမွာက္သြားျခင္း မရွိေၾကာင္း သိရသည္။
ယင္းခရီးသည္ တင္ေလွအား ပိုင္ဆိုင္သည့္ Krobkrua Konsong ကုမၸဏီ၏ မန္ေနဂ်ာျဖစ္သူ Chaovalit Metayaprapat က ထိခိုက္ ဒဏ္ရာရရွိခဲ့ေသာ ခရီးသည္မ်ားအတြက္ ၄င္းတို႕၏ ကုမၸဏီမွ အျပည့္အဝ တာဝန္ ယူသြားမည္ ျဖစ္ေၾကာင္း၊ LNG ေလာင္စာသံုး အင္ဂ်င္မ်ားသည္ တရားဝင္ ေဘးကင္း စိတ္ခ်ရသည့္ အတြက္ လုပ္ငန္းမွ အျခားေလွမ်ားကို အရင္အတိုင္း တူးေျမာင္းအတြင္း လွည့္လည္ ေျပးဆြဲေပး သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
တူးေျမာင္းအတြင္း ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈျဖစ္စဥ္အား ရဲတပ္ဖြဲ႕မွ စံုစမ္းစစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
.....................................
အင်ဂျင်ပေါက်ကွဲမှု ဖြစ်သည့် ခရီးသည်တင်လှေအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဘန်ကောက်၊ မတ် ၅ ရက် (ဆင်ဟွာ)
မတ်လ ၅ ရက်တွင် ဘန်ကောက် တူးမြောင်း တစ်ခု၌ ခရီးသည်တင် လှေတစ်စီး၏ အင်ဂျင် ပေါက်ကွဲမှု ကြောင့် မြန်မာနှစ်ဦး အပါအဝင် ခရီးသည် အယောက် ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လှေအင်ဂျင် ပေါက်ကွဲမှုသည် ဘန်ကောက်မြို့၊ ဟွာမတ်ခ် (Hua Mark) ဧရိယာ အတွင်းရှိ Saen Saab တူးမြောင်း ပေါ်ရှိ Tepleela ဘုရားကျောင်း၏ ဆိပ်ခံတံတား၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့ အလျှင်အမြန်ပို့ဆောင်ပေးထားကြောင်း သိရသည်။
ယင်း ခရီးသည် တင်လှေသည် ၄င်း၏ ပထမအသုတ် ခရီး စတင် ထွက်ခွာသည့် မတ်လ ၅ ရက် နံနက်ပိုင်းတွင် သဘာဝ ဓါတ်ငွေ့ရည် (LNG) သုံး အင်ဂျင် ပေါက်ကွဲခဲ့ကာ ခရီးသည်များ ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ထိခိုက်ခံရသူ အများစုမှာ ဒဏ်ရာ သေးငယ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲဲ့သည်။
သို့သော် ပေါက်ကွဲမှုကြောင့် ခရီးသည်တင်လှေ တိမ်းမှောက်သွားခြင်း မရှိကြောင်း သိရသည်။
ယင်းခရီးသည် တင်လှေအား ပိုင်ဆိုင်သည့် Krobkrua Konsong ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ Chaovalit Metayaprapat က ထိခိုက် ဒဏ်ရာရရှိခဲ့သော ခရီးသည်များအတွက် ၄င်းတို့၏ ကုမ္ပဏီမှ အပြည့်အဝ တာဝန် ယူသွားမည် ဖြစ်ကြောင်း၊ LNG လောင်စာသုံး အင်ဂျင်များသည် တရားဝင် ဘေးကင်း စိတ်ချရသည့် အတွက် လုပ်ငန်းမှ အခြားလှေများကို အရင်အတိုင်း တူးမြောင်းအတွင်း လှည့်လည် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တူးမြောင်းအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment