အာဖဂန္နစၥတန္ႏုိင္ငံရွိ အိႏၵိယေကာင္စစ္ဝန္႐ုံးအား တုိက္ခုိက္သူေလးဦးကုိ လုံၿခံဳေရးတပ္ဖြဲ႔က သုတ္သင္(အာဖဂန်နစ္စတန်နိုင်ငံရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအား တိုက်ခိုက်သူလေးဦးကို လုံခြုံရေးတပ်ဖွဲ့က သုတ်သင်)
ဂ်လာလာဘတ္ မတ္ ၂
အာဖဂန္နစၥတန္ႏုိင္ငံ အေရွ႕ပုိင္း ဂ်လာလာဘတ္ၿမိဳ႕ ရွိ အိႏၵိယေကာင္စစ္ဝန္႐ုံးကုိ ပစ္မွတ္ထား အေသခံ ဗုံးခြဲတုိက္ခိုက္သူ ေလးဦးအား လုံၿခံဳေရးတပ္ဖဲြ႕ဝင္မ်ားက ေခ်မႈန္းသုတ္သင္ခဲ့ေၾကာင္း ေဒသဆုိင္ရာသတင္းဌာနမ်ားက မတ္ ၂ ရက္တြင္ သတင္းထုတ္ျပန္သည္။
ဂ်လာလာဘတ္ၿမိဳ႕ရွိ အိႏၵိယေကာင္စစ္ဝန္႐ုံးအနီးသုိ႔ တုိက္ခုိက္ေရးသမားမ်ားအနက္ တုိက္ခိုက္ေရးသမားတစ္ဦး ကကားတစ္စီးျဖင့္ ေမာင္းႏွင္လာကာ ဗုံးခြဲတုိက္ခုိက္ရာ ေကာင္စစ္ဝန္႐ုံးအေဆာက္အအုံ၏ တံခါးမႀကီးမ်ားႏွင့္ ျပတင္းတံခါးမ်ားပ်က္စီးခဲ့ရၿပီး ေမာ္ေတာ္ယာဥ္ရွစ္စီးထက္ မနည္း ပ်က္စီးခဲ့ရေၾကာင္း၊ အခင္းျဖစ္ပြားရာေနရာတြင္ ေပါက္ကြဲသံမ်ားႏွင့္ ေသနတ္သံမ်ား ေပၚထြက္ခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာၾကားၾကသည္။
အၾကမ္းဖက္တုိက္ခုိက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ လုံၿခံဳ ေရးတပ္ဖဲြ႕မ်ားက နယ္ေျမရွင္းလင္းခဲ့ၿပီး စစ္သည္တင္ သံခ်ပ္ကာကားမ်ားကုိ ေတြ႕ျမင္ရေၾကာင္း၊ အရပ္သားမ်ား ထြက္ေျပးခဲ့ၾကရေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာၾကားၾကသည္။
အိႏၵိယေကာင္စစ္ဝန္႐ုံး၏ ၿခံဝင္းအတြင္းသုိ႔ ဝင္ေရာက္ႏုိင္ရန္ အၾကမ္းဖက္သမားေလးဦးက ႀကိဳးပမ္းခဲ့ၾကၿပီး ၄င္းတုိ႔ကုိ ပစ္ခတ္ဖမ္းဆီးခဲ့ရာ ေသဆုံးခဲ့ေၾကာင္း နန္ဂါဟာျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး၏ ေျပာေရးဆုိခြင့္ရွိသူက ေျပာၾကားသည္။
ရဲအရာရွိတစ္ဦးႏွင့္ အရပ္သူအမ်ဳိးသမီးတစ္ဦးတုိ႔ ေသဆုံးခဲ့ရၿပီး ၁၉ဦး ဒဏ္ရာရရွိေၾကာင္း ၄င္းက ေျပာ ၾကားသည္။
႐ုိက္တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
............
ဂျလာလာဘတ် မတ် ၂
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျလာလာဘတ်မြို့ ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးကို ပစ်မှတ်ထား အသေခံ ဗုံးခွဲတိုက်ခိုက်သူ လေးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချေမှုန်းသုတ်သင်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက မတ် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ဂျလာလာဘတ်မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအနီးသို့ တိုက်ခိုက်ရေးသမားများအနက် တိုက်ခိုက်ရေးသမားတစ်ဦး ကကားတစ်စီးဖြင့် မောင်းနှင်လာကာ ဗုံးခွဲတိုက်ခိုက်ရာ ကောင်စစ်ဝန်ရုံးအဆောက်အအုံ၏ တံခါးမကြီးများနှင့် ပြတင်းတံခါးများပျက်စီးခဲ့ရပြီး မော်တော်ယာဉ်ရှစ်စီးထက် မနည်း ပျက်စီးခဲ့ရကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ပေါက်ကွဲသံများနှင့် သေနတ်သံများ ပေါ်ထွက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြံု ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းခဲ့ပြီး စစ်သည်တင် သံချပ်ကာကားများကို တွေ့မြင်ရကြောင်း၊ အရပ်သားများ ထွက်ပြေးခဲ့ကြရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။
အိန္ဒိယကောင်စစ်ဝန်ရုံး၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်နိုင်ရန် အကြမ်းဖက်သမားလေးဦးက ကြိုးပမ်းခဲ့ကြပြီး ၄င်းတို့ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ကြောင်း နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ရဲအရာရှိတစ်ဦးနှင့် အရပ်သူအမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရပြီး ၁၉ဦး ဒဏ်ရာရရှိကြောင်း ၄င်းက ပြော ကြားသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment