ဒီမိုကရက္တစ္ပါတီမွ ဟီလာရီ ကလင္တန္ (ဆင္ဟြာ) |
ပါတီကိုယ္စားျပဳ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ပြဲအတြက္ အေရးပါေသာ အဆင့္ျဖစ္သည့္ Super Tuesday တြင္ ဒီမိုကရက္တစ္ပါတီမွ ဟီလာရီ ကလင္တန္က ၎၏ ပါတီအတြင္းၿပိဳင္ဘက္ ဘာနီ ဆန္းဒါးစ္အား ျပည္နယ္ ၆ ခုတြင္ မဲအျပတ္အသတ္ အႏိုင္ရရွိခဲ႔ေၾကာင္း မီဒီယာ မ်ား၏ ခန္႔မွန္းခ်က္အရ သိရသည္။
ကလင္တန္ အႏိုင္ရခဲ႔သည့္ ျပည္နယ္မ်ားမွာ အယ္လာဘာမာ(Alabama)၊ အာကန္ဆတ္ (Arkansas)၊ ေဂ်ာ္ဂ်ီ ယာ (Georgia)၊ တန္နက္စ္စီ (Tennessee)၊ တကၠဆက္ (Texas)ႏွင့္ ဗာဂ်ီနီးယား (Virginia) တို႔ ျဖစ္သည္။
ဒီမိုကရက္တစ္ၿပိဳင္ပြဲတြင္ အႏိုင္ရရွိမည့္ ကိုယ္စားလွယ္မ်ားအား မဲအေရအတြက္ အေပၚ အခ်ိဳးက် အေျခခံထား ျခင္း ျဖစ္ၿပီး ကိုယ္စားလွယ္ စုစုေပါင္း ၄၇၆၃ ဦးရွိသည့္အနက္ ၂၃၈၂ ဦး ရရွိသူအား ပါတီကိုယ္စားျပဳ သမၼတ ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းခံရမည္ ျဖစ္သည္။
ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ကလင္တန္၏ ျပည္နယ္ ၆ ခုေအာင္ပြဲမွာ ၎အား လာမည့္ ေႏြရာသီတြင္ ဒီမိုက ရက္တစ္ပါတီ၏ ေရွ႕ေဆာင္လမ္းျပတစ္ဦး ျဖစ္လာေစမည္ ျဖစ္သည္။
ဟီလာရီ ကလင္တန္၏ ၿပိဳင္ဘက္ ဘာနီး ဆန္ဒါးစ္က ၎၏ ျပည္နယ္ ဗားေမာင့္ (Vermont) ႏွင့္ အိုကလာ ဟိုးမား (Oklahoma) ျပည္နယ္မ်ားတြင္ အႏိုင္ရရွိကာ မက္ဆာခ်ဴးဆက္ျပည္နယ္တြင္မူ ကလင္တန္ႏွင့္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ႔ရၿပီးေနာက္ ၎က အႏိုင္ရရွိခဲ႔ေၾကာင္း သိရသည္။
ရီပက္ဘလစ္ကန္ ပါတီဘက္တြင္မူ ေဒၚနယ္ထရမ့္က မက္ဆာခ်ဴးဆက္(Massachusetts)၊ တန္နက္စ္စီ၊ အယ္ လာဘာမား၊ ေဂ်ာ္ဂ်ီယာႏွင့္ ဗာဂ်ီးနီးယားျပည္နယ္မ်ား၌ အႏိုင္ရရွိခဲ႔သလို အထက္လႊတ္ေတာ္အမတ္ တက္ခ္ ခရုဇ္ (Ted Cruz) က ၎၏ ျပည္နယ္ျဖစ္ေသာ တကၠဆက္ အပါအဝင္ ျပည္နယ္ႏွစ္ခုမွာသာ အႏိုင္ရရွိခဲ႔ သည္။
ရီပက္ဘလစ္ကန္ပါတီ၏ ကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း အျဖစ္ အမည္စာရင္း တင္သြင္းခံရရန္အတြက္ ကိုယ္စားလွယ္ေလာင္း ၂၄၇၂ ဦးရွိသည့္အနက္ အနည္းဆံုး ၁၂၃၇ ဦးရွိရမည္ ျဖစ္သည္။၂၀၁၆ ခုႏွစ္အတြက္ အေမရိကန္ႏိုင္ငံ သမၼတေနရာအား ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ဒီမိုကရက္တစ္ႏွင့္ ရီပက္ ဘလစ္ကန္တို႔မွ ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ရန္ အေမရိကန္ႏိုင္ငံရွိ ျပည္နယ္ ၁၂ ခုႏွင့္ အေမရိကန္ Samoa ကၽြန္းစုေဒသတို႔၌ Super Tuesday အား မတ္လ ၁ ရက္က ျပဳလုပ္ခဲ႔ျခင္း ျဖစ္ သည္။
(Xinhua)
http://www.xinhuamyanmar.com
..................................................
ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန် (ဆင်ဟွာ)
ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ)
ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲအတွက် အရေးပါသော အဆင့်ဖြစ်သည့် Super Tuesday တွင် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်က ၎င်း၏ ပါတီအတွင်းပြိုင်ဘက် ဘာနီ ဆန်းဒါးစ်အား ပြည်နယ် ၆ ခုတွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း မီဒီယာ များ၏ ခန့်မှန်းချက်အရ သိရသည်။
ကလင်တန် အနိုင်ရခဲ့သည့် ပြည်နယ်များမှာ အယ်လာဘာမာ(Alabama)၊ အာကန်ဆတ် (Arkansas)၊ ဂျော်ဂျီ ယာ (Georgia)၊ တန်နက်စ်စီ (Tennessee)၊ တက္ကဆက် (Texas)နှင့် ဗာဂျီနီးယား (Virginia) တို့ ဖြစ်သည်။
ဒီမိုကရက်တစ်ပြိုင်ပွဲတွင် အနိုင်ရရှိမည့် ကိုယ်စားလှယ်များအား မဲအရေအတွက် အပေါ် အချိုးကျ အခြေခံထား ခြင်း ဖြစ်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၄၇၆၃ ဦးရှိသည့်အနက် ၂၃၈၂ ဦး ရရှိသူအား ပါတီကိုယ်စားပြု သမ္မတ လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရမည် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်၏ ပြည်နယ် ၆ ခုအောင်ပွဲမှာ ၎င်းအား လာမည့် နွေရာသီတွင် ဒီမိုက ရက်တစ်ပါတီ၏ ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်လာစေမည် ဖြစ်သည်။
ဟီလာရီ ကလင်တန်၏ ပြိုင်ဘက် ဘာနီး ဆန်ဒါးစ်က ၎င်း၏ ပြည်နယ် ဗားမောင့် (Vermont) နှင့် အိုကလာ ဟိုးမား (Oklahoma) ပြည်နယ်များတွင် အနိုင်ရရှိကာ မက်ဆာချူးဆက်ပြည်နယ်တွင်မူ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ၎င်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရီပက်ဘလစ်ကန် ပါတီဘက်တွင်မူ ဒေါ်နယ်ထရမ့်က မက်ဆာချူးဆက်(Massachusetts)၊ တန်နက်စ်စီ၊ အယ် လာဘာမား၊ ဂျော်ဂျီယာနှင့် ဗာဂျီးနီးယားပြည်နယ်များ၌ အနိုင်ရရှိခဲ့သလို အထက်လွှတ်တော်အမတ် တက်ခ် ခရုဇ် (Ted Cruz) က ၎င်း၏ ပြည်နယ်ဖြစ်သော တက္ကဆက် အပါအဝင် ပြည်နယ်နှစ်ခုမှာသာ အနိုင်ရရှိခဲ့ သည်။
ရီပက်ဘလစ်ကန်ပါတီ၏ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခံရရန်အတွက် ကိုယ်စားလှယ်လောင်း ၂၄၇၂ ဦးရှိသည့်အနက် အနည်းဆုံး ၁၂၃၇ ဦးရှိရမည် ဖြစ်သည်။၂၀၁၆ ခုနှစ်အတွက် အမေရိကန်နိုင်ငံ သမ္မတနေရာအား ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်နှင့် ရီပက် ဘလစ်ကန်တို့မှ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၁၂ ခုနှင့် အမေရိကန် Samoa ကျွန်းစုဒေသတို့၌ Super Tuesday အား မတ်လ ၁ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment