အိႏိၵယႏိုင္ငံ အလယ္ပိုင္း ရွိ ခရစ္ယာန္ ဘုရားေက်ာင္းသုိ႕ ဝင္ေရာက္တိုက္ခိုက္ဖ်က္ဆီးသည့္ လူ၇ဦးအားဖမ္းဆီး

အိႏိၵယႏိုင္ငံ အလယ္ပိုင္း ရွိ ဝင္ေရာက္တိုက္ခိုက္ဖ်က္ဆီးခံရသည့္ ခရစ္ယာန္ ဘုရားေက်ာင္းအားေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
    နယူးေဒလီ၊ မတ္ ၇ ရက္ (ဆင္ဟြာ)

    အိႏိၵယႏိုင္ငံ အလယ္ပိုင္း Chhattisgarh ျပည္နယ္ ျမိဳ႕ေတာ္ Raipur ရွိ ခရစ္ယာန္ ဘုရားေက်ာင္း တစ္ေက်ာင္း သို႕ ဝင္ေရာက္တိုက္ခိုက္ဖ်က္ဆီးသည့္ လူ၇ဦးအား အိႏိၵယ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း မတ္လ ၇ ရက္ေန႕ တြင္ ရဲတပ္ဖြဲ႕ အၾကီးတန္းအရာရွိ တစ္ဦးကေျပာၾကားခဲ့သည္။

၄င္းက ဖမ္းဆီးမႈအား မတ္လ ၆ ရက္ေန႔ ညပိုင္းတြင္ လုပ္ေဆာင္ခဲ့ေၾကာင္း၊ ဖမ္းဆီးရမိသည့္ လူ ၇ ဦးသည္ တနဂၤေႏြေန႕ ဘုရားေက်ာင္း၌ ဝတ္ျပဳသူမ်ားရွိေနစဥ္ ဘုရားေက်ာင္းထဲသုိ႕ ဝင္ေရာက္ေႏွာင့္ယွက္္ဖ်က္ဆီးသူ ၂၅ဦးအထဲမွ ျဖစ္ျပီး Bajranj Dal ဟိႏၵဴ အစြန္းေရာက္အဖြဲ႕မွ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ယင္းေႏွာင့္ယွက္သူမ်ားက စုေဝးကာ ဘုရားဝတ္ျပဳသူမ်ားအား ေအာ္ဟစ္ေႏွာင့္ယွက္ျခင္း၊ အမ်ဳိးသမီး ဝတ္ျပဳသူမ်ားကို မဖြယ္မရာ ျပဳလုပ္ျခင္းတို႕ကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း ျပည္တြင္း ရုပ္သံထုတ္လႊင့္ေရးမ်ား ကေဖာ္ျပခဲ့သည္။

ျပည္နယ္အစိုးရက ထုတ္ျပန္ခဲ့သည့္ အဆိုပါျဖစ္ရပ္ အေၾကာင္းအရာအား ျပည္ထဲေရးဝန္ႀကီးဌာန မွ သိရွိျပီး နာရီပုိင္း အၾကာတြင္ ဖမ္းဆီးမႈ မ်ားျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အိႏိၵယႏိုင္ငံျပည္ထဲေရးဝန္ႀကီး Kiren Rijiju က အစိုးရသည္ အဆိုျဖစ္ရပ္ႏွင့္ပတ္သက္၍ ဆက္လက္ လုပ္ေဆာင္ သြားမည္ျဖစ္ျပီး တရားခံမ်ားကို သက္ညွာခြင့္ေပးမည္မဟုတ္ေၾကာင္း မီဒီယာသို႕ ေျပာၾကားခဲ့သည္။

ယင္း ျဖစ္ရပ္အား စံုစမ္းရန္ အမိန္႕ေပးထားေၾကာင္း တာဝန္ရွိသူကေျပာၾကားခဲ့သည္။

 (Xinhua)
http://www.xinhuamyanmar.com
................
 အိန္ဒိယနိုင်ငံ အလယ်ပိုင်း ရှိ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခံရသည့် ခရစ်ယာန် ဘုရားကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    နယူးဒေလီ၊ မတ် ရ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် မြို့တော် Raipur ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း သို့ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးသည့် လူရဦးအား အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မတ်လ ရ ရက်နေ့ တွင် ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ တစ်ဦးကပြောကြားခဲ့သည်။

၄င်းက ဖမ်းဆီးမှုအား မတ်လ ၆ ရက်နေ့ ညပိုင်းတွင် လုပ်ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် လူ ရ ဦးသည် တနင်္ဂနွေနေ့ ဘုရားကျောင်း၌ ဝတ်ပြုသူများရှိနေစဉ် ဘုရားကျောင်းထဲသို့ ဝင်ရောက်နှောင့်ယှက််ဖျက်ဆီးသူ ၂၅ဦးအထဲမှ ဖြစ်ပြီး Bajranj Dal ဟိန္ဒူ အစွန်းရောက်အဖွဲ့မှ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနှောင့်ယှက်သူများက စုဝေးကာ ဘုရားဝတ်ပြုသူများအား အော်ဟစ်နှောင့်ယှက်ခြင်း၊ အမျိုးသမီး ဝတ်ပြုသူများကို မဖွယ်မရာ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း ပြည်တွင်း ရုပ်သံထုတ်လွှင့်ရေးများ ကဖော်ပြခဲ့သည်။

ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့သည့် အဆိုပါဖြစ်ရပ် အကြောင်းအရာအား ပြည်ထဲရေးဝန်ကြီးဌာန မှ သိရှိပြီး နာရီပိုင်း အကြာတွင် ဖမ်းဆီးမှု များပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီး Kiren Rijiju က အစိုးရသည် အဆိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ပြီး တရားခံများကို သက်ညှာခွင့်ပေးမည်မဟုတ်ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

ယင်း ဖြစ်ရပ်အား စုံစမ်းရန် အမိန့်ပေးထားကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment