စံုတြဲေတြကို လိုက္သတ္တဲ့ ဆက္တုိက္လူသတ္သမား

စံုတြဲေတြကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့တဲ့ အဲဒီလူသတ္သမား ဘယ္သူမွန္း ေသခ်ာမသိခဲ့ပါဘူး။
၁၉၆၈ ခုႏွစ္နဲ႔ ၁၉၈၅ ခုႏွစ္အတြင္း အီတလီႏိုင္ငံ ဖေလာရန္႔စ္ၿမိဳ႕မွာ စံုတြဲ ၈ တြဲ ရက္ရက္စက္စက္ သတ္ျဖတ္ခံခဲ့ရပါတယ္။ သူတုိ႔အားလံုးဟာ ကားထဲမွာ ခ်စ္တင္းေႏွာေနတုန္း အသတ္ခံခဲ့ရတာပါ။

အားလံုးရဲ႕ ေသဆံုးပံုက တူသလို အသံုးျပဳသြားတဲ့ ပစၥတိုနဲ႔ က်ည္ဆန္ေတြကလည္း အတူတူပါပဲ။ ပထမဆံုး ပစၥတုိနဲ႔ ပစ္သတ္ၿပီး ဓားနဲ႔ ထိုးသြားခဲ့ပါတယ္။ တစ္ခါတေလမွာ အမ်ဳိးသမီးေတြကို ကိုယ္လက္အဂၤါေတြ ျဖတ္ေတာက္ခဲ့တယ္။

၁၉၆၈ ခုႏွစ္ ၾသဂုတ္လ ၂၁ ရက္မွာ ပထမဆံုး သတ္ျဖတ္ခံရတဲ့ စံုတြဲက လူသူနဲ႔ေဝးတဲ့ ေတာထဲမွာ ကားရပ္ၿပီး ခ်စ္တင္းေႏွာၾကတဲ့ အသက္ ၃၁ ႏွစ္အရြယ္ ဘာဘရာေလာ္ခ်ီနဲ႔ အသက္ ၂၉ ႏွစ္အရြယ္ အန္တိုနီယိုလိုဘီရန္ကိုတုိ႔ ျဖစ္ပါတယ္။ သူတုိ႔နဲ႔အတူပါလာၿပီး အိပ္ေပ်ာ္ေနတဲ့ အသက္ ၆ ႏွစ္အရြယ္ ဘာဘရာရဲ႕သားေလးကေတာ့ ဘာမွ မျဖစ္ပါဘူး။ အဲဒီျပစ္မႈအတြက္ ဘာဘရာရဲ႕ခင္ပြန္း စတက္ဖႏို မယ္လီကို ေထာင္ဒဏ္ ၁၄ ႏွစ္ ခ်မွတ္ခဲ့ေပမဲ့ လူသတ္မႈေတြက ဆက္လက္ ျဖစ္ေပၚေနခဲ့ပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ စံုတြဲတစ္တြဲဟာ ေတာထဲမွာ အသတ္ခံခဲ့ရၿပီး အျခားစံုတြဲ တစ္တြဲကလည္း အလားတူ လူသူကင္းေဝးတဲ့ေနရာတစ္ခုမွာ အသတ္ခံခဲ့ရ ျပန္ပါတယ္။ အဲဒီေတာ့ ေထာင္ထဲေရာက္ေနတဲ့ မယ္လီက လူသတ္သမား မျဖစ္ႏိုင္ေတာ့ပါဘူး။

၁၉၈၁ ခုႏွစ္ ေအာက္တုိဘာလထဲမွာ ေနာက္ထပ္ စံုတြဲတစ္တြဲ အသတ္ခံရျပန္ပါတယ္။ အဲဒီေနာက္ ၁၉၈၅ ခုႏွစ္မွာလည္း ျပင္သစ္စံုတြဲတစ္တြဲ အသတ္ခံရတယ္။


သတင္းေပးမႈေၾကာင့္ ယခင္က လူသတ္ဖူးတဲ့ ပီရာထ႐ိုပက္စီရာနီကို ၁၉၉၄ ခုႏွစ္မွာ ဖမ္းဆီးခဲ့ပါတယ္။ ဒါေပမဲ့ ထုိလူနဲ႔အတူ မယ္လီကို ေနာက္ ၂ ႏွစ္အၾကာမွာ ျပစ္မႈမထင္ရွားတဲ့အတြက္ ေထာင္ကေန လႊတ္ေပးခဲ့ပါတယ္။

အဲဒီေနာက္ ဂီယန္ကာလိုေလာ္တီနဲ႔ မာရီယိုဗန္နီဆုိတဲ့ နာမည္ေတြကို ရဲတပ္ဖြဲ႕ဆီ သတင္းေပးလာတဲ့အတြက္ ဖမ္းဆီးျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီး ေထာင္ဒဏ္မွာပဲ ေသဆံုးသြားခဲ့ၾကပါတယ္။ ဒါေပမဲ့ လူေတြရဲ႕ အေတြးထဲမွာ လံုျခံဳစိတ္ခ်သြားေအာင္ အေၾကာင္းျပခ်က္ ခိုင္ခုိင္မာမာမေပးႏုိင္ခဲ့ပါဘူး။

ၾကည့္ရတာေတာ့ ဒီဆက္တုိက္လူသတ္သမားႀကီးက အခုထိ လြတ္ေနဆဲပဲ ထင္ပါတယ္။

Source & Photos : Life
Credit: duwun
...............
စုံတွဲတွေကို လိုက်သတ်တဲ့ ဆက်တိုက်လူသတ်သမား


စုံတွဲတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ အဲဒီလူသတ်သမား ဘယ်သူမှန်း သေချာမသိခဲ့ပါဘူး။
၁၉၆၈ ခုနှစ်နဲ့ ၁၉၈၅ ခုနှစ်အတွင်း အီတလီနိုင်ငံ ဖလောရန့်စ်မြို့မှာ စုံတွဲ ၈ တွဲ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့အားလုံးဟာ ကားထဲမှာ ချစ်တင်းနှောနေတုန်း အသတ်ခံခဲ့ရတာပါ။

အားလုံးရဲ့ သေဆုံးပုံက တူသလို အသုံးပြုသွားတဲ့ ပစ္စတိုနဲ့ ကျည်ဆန်တွေကလည်း အတူတူပါပဲ။ ပထမဆုံး ပစ္စတိုနဲ့ ပစ်သတ်ပြီး ဓားနဲ့ ထိုးသွားခဲ့ပါတယ်။ တစ်ခါတလေမှာ အမျိုးသမီးတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တယ်။
play

၁၉၆၈ ခုနှစ် သြဂုတ်လ ၂၁ ရက်မှာ ပထမဆုံး သတ်ဖြတ်ခံရတဲ့ စုံတွဲက လူသူနဲ့ဝေးတဲ့ တောထဲမှာ ကားရပ်ပြီး ချစ်တင်းနှောကြတဲ့ အသက် ၃၁ နှစ်အရွယ် ဘာဘရာလော်ချီနဲ့ အသက် ၂၉ နှစ်အရွယ် အန်တိုနီယိုလိုဘီရန်ကိုတို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူပါလာပြီး အိပ်ပျော်နေတဲ့ အသက် ၆ နှစ်အရွယ် ဘာဘရာရဲ့သားလေးကတော့ ဘာမှ မဖြစ်ပါဘူး။ အဲဒီပြစ်မှုအတွက် ဘာဘရာရဲ့ခင်ပွန်း စတက်ဖနို မယ်လီကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ပေမဲ့ လူသတ်မှုတွေက ဆက်လက် ဖြစ်ပေါ်နေခဲ့ပါတယ်။


ဆယ်ကျော်သက်အရွယ် စုံတွဲတစ်တွဲဟာ တောထဲမှာ အသတ်ခံခဲ့ရပြီး အခြားစုံတွဲ တစ်တွဲကလည်း အလားတူ လူသူကင်းဝေးတဲ့နေရာတစ်ခုမှာ အသတ်ခံခဲ့ရ ပြန်ပါတယ်။ အဲဒီတော့ ထောင်ထဲရောက်နေတဲ့ မယ်လီက လူသတ်သမား မဖြစ်နိုင်တော့ပါဘူး။

၁၉၈၁ ခုနှစ် အောက်တိုဘာလထဲမှာ နောက်ထပ် စုံတွဲတစ်တွဲ အသတ်ခံရပြန်ပါတယ်။ အဲဒီနောက် ၁၉၈၅ ခုနှစ်မှာလည်း ပြင်သစ်စုံတွဲတစ်တွဲ အသတ်ခံရတယ်။


သတင်းပေးမှုကြောင့် ယခင်က လူသတ်ဖူးတဲ့ ပီရာထရိုပက်စီရာနီကို ၁၉၉၄ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ ထိုလူနဲ့အတူ မယ်လီကို နောက် ၂ နှစ်အကြာမှာ ပြစ်မှုမထင်ရှားတဲ့အတွက် ထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။

အဲဒီနောက် ဂီယန်ကာလိုလော်တီနဲ့ မာရီယိုဗန်နီဆိုတဲ့ နာမည်တွေကို ရဲတပ်ဖွဲ့ဆီ သတင်းပေးလာတဲ့အတွက် ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောင်ဒဏ်မှာပဲ သေဆုံးသွားခဲ့ကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အတွေးထဲမှာ လုံခြုံစိတ်ချသွားအောင် အကြောင်းပြချက် ခိုင်ခိုင်မာမာမပေးနိုင်ခဲ့ပါဘူး။

ကြည့်ရတာတော့ ဒီဆက်တိုက်လူသတ်သမားကြီးက အခုထိ လွတ်နေဆဲပဲ ထင်ပါတယ်။

Source & Photos : Life
Credit: duwun
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment