တက္ကဆက္ ရဲအရာရွိတစ္ဦး ပန္းျခံထဲတြင္ ေသနတ္ျဖင္႕အပစ္ခံရေသာေၾကာင့္ ေသဆံုး



တက္ကဆက္ (Texas) ျပည္နယ္ ဖို႕ေ၀ါ႕ (Forth Worth) အနီးက အူလက္(Euless)ရဲ႕ ပန္းျခံတစ္ခုမွာ အဂၤါေန႕က ျဖစ္ပြားခ႕ဲတဲ႕ ပစ္ခတ္မွုေၾကာင္႕ ရဲအရာရွိတစ္ဦးနဲ႕  တရားခံပါ ေသဆံုးခဲ႕တယ္လို႕ ရဲေတြက ဆိုပါတယ္။

အူလက္ရဲတပ္ဖြဲ႕က J.A.Carrပန္းျခံမွာ ေသနတ္ပစ္မွု ျဖစ္ပြားေနတဲ႕ဆိုတဲ႕ သတင္းကိုရရွိခဲ႕ၿပီးေတာ႕ သူတို႕ေရာက္သြားတဲ႕ အခ်ိန္မွာ တရားခံက စတင္ပစ္ခတ္ခဲ႕တာပါ။တာ၀န္က် ရဲတစ္ေယာက္ အပစ္ခံခဲ႕ရၿပီး
တရားခံကေတာ႔ႏွစ္ၾကိမ္ အပစ္ခံခဲ႕ရပါတယ္။

အူလက္  ရဲအရာရွိ ေခါင္းေဆာင္ မိုက္ကယ္ ဘေရာင္းကေတာ႔“နွစ္ေယာက္စလံုးက ေဒသေဆးရံုမွာ ေသဆံုးသြားေၾကာင္း တရား၀င္ ထုတ္ျပန္ပါတယ္။ဒါေပမယ္႕ တစ္ဦးက ဘယ္သူဘယ္၀ါ ဆိုတာ ကိုေတာ႕ မေဖာ္ထုတ္နိုင္ခဲ႕ပါဘူး” လို႕ ေျပာၾကားခဲ႕ပါတယ္။

အခုထိ ေသဆံုးသြားတဲ႕ ရဲအရာရွိက ဘယ္သူ ဘယ္၀ါဆိုတာ မခန္႔မွန္းနိုင္ေသးပါဘူး။ပစ္ခတ္မွုက မူလတန္းေက်ာင္းတစ္ခုရဲ႕ေနာက္နားေလးက ပန္းျခံမွာ ျဖစ္ခဲ႕တာပါ။ၿမိဳ႕ရဲ႕သမိုင္းမွာ ေသဆံုးသြားတဲ႕ ရဲအရာရွိက ဒုတိယေျမာက္အသတ္ခံရတာျဖစ္ၿပီး ပထမတစ္ေယာက္ကိုေတာ႔အရက္မူးေနတဲ႕ ဒရိုင္ဘာက  ၁၉၈၂ခုႏွစ္မွာ သတ္ခဲ႕တာပါ လို႕ ၿမိဳ႕အာဏာပိုင္ေတြက ဆိုခဲ႔ပါတယ္။

(Beauty Syh)

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref:UPI

....................................


တက်ကဆက် ရဲအရာရှိတစ်ဦး ပန်းခြံထဲတွင် သေနတ်ဖြင့်အပစ်ခံရသောကြောင့် သေဆုံး

တက်ကဆက် (Texas) ပြည်နယ် ဖို့ဝေါ့ (Forth Worth) အနီးက အူလက်(Euless)ရဲ့ ပန်းခြံတစ်ခုမှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတစ်ဦးနဲ့  တရားခံပါ သေဆုံးခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

အူလက်ရဲတပ်ဖွဲ့က J.A.Carrပန်းခြံမှာ သေနတ်ပစ်မှု ဖြစ်ပွားနေတဲ့ဆိုတဲ့ သတင်းကိုရရှိခဲ့ပြီးတော့ သူတို့ရောက်သွားတဲ့ အချိန်မှာ တရားခံက စတင်ပစ်ခတ်ခဲ့တာပါ။တာဝန်ကျ ရဲတစ်ယောက် အပစ်ခံခဲ့ရပြီး
တရားခံကတော့နှစ်ကြိမ် အပစ်ခံခဲ့ရပါတယ်။

အူလက်  ရဲအရာရှိ ခေါင်းဆောင် မိုက်ကယ် ဘရောင်းကတော့“နှစ်ယောက်စလုံးက ဒေသဆေးရုံမှာ သေဆုံးသွားကြောင်း တရားဝင် ထုတ်ပြန်ပါတယ်။ဒါပေမယ့် တစ်ဦးက ဘယ်သူဘယ်ဝါ ဆိုတာ ကိုတော့ မဖော်ထုတ်နိုင်ခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အခုထိ သေဆုံးသွားတဲ့ ရဲအရာရှိက ဘယ်သူ ဘယ်ဝါဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ပစ်ခတ်မှုက မူလတန်းကျောင်းတစ်ခုရဲ့နောက်နားလေးက ပန်းခြံမှာ ဖြစ်ခဲ့တာပါ။မြို့ရဲ့သမိုင်းမှာ သေဆုံးသွားတဲ့ ရဲအရာရှိက ဒုတိယမြောက်အသတ်ခံရတာဖြစ်ပြီး ပထမတစ်ယောက်ကိုတော့အရက်မူးနေတဲ့ ဒရိုင်ဘာက  ၁၉၈၂ခုနှစ်မှာ သတ်ခဲ့တာပါ လို့ မြို့အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:UPI

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment