(Beauty Syh)
#သစ်ထူးလွင်(ဗဟုသုတ)
Ref:UPI
.......................................
မြင်းခေါင်းတွေထည့်ထားတဲ့ဘူးတစ်ခုကို မက်ဟက်တန်ပန်းခြံထဲမှာ တွေ့ရှိခဲ့
၀ါရှင်တန် ဟိုက်မှာ ရှိတဲ့ မက်ဟက်တန်ပန်းခြံကို လမ်းလျှောက်ထွက်လာတဲ့အမျိုးသမီးတစ်ယောက်က တနင်္ဂနွေနေ့မနက်မှာ အဆိုပါ မြင်းခေါင်းတွေထည့်ထားတဲ့ ဂျပ်ဘူးကို တွေ့ခဲ့တာပါ။
High Bridge ပန်းခြံကို ဖြတ်ပြီး ၁၉၀လမ်းအနီးမှာ ဖြတ်သွားရင်း ပါကင်ပိတ်ထားတဲ့Corona ဘီယာဂျပ်ဘူးကိုမြေကြီးပေါ်မှာ တွေ့ခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။
တွေ့ခဲ့သူအမျိုးသမီးက ဂျပ်ဘူးကို ဖွင့်ကြည့်တဲ့အခါ ချက်ထားတဲ့ မြင်းခေါင်းရယ် အသီးအရွက်တွေနဲ့
အခြားတိရစာန်ခေါင်းတွေလည်း ပါတယ်လို့ အရာရှိတွေက ဆိုပါတယ်။
အမျိုးသမီးက အဲဒီဂျပ်ဘူးကို တွေ့တွေ့ချင်းပဲ ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။
(Beauty Syh)
#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com
Ref:UPI
0 comments:
Post a Comment