(Beauty Syh)
Ref : Mirror
....................................
အေဒင် (ယီမင်) မတ် ၄
ယီမင်နိုင်ငံတောင်ဘက်ပိုင်း အေဒင်ဆိပ်ကမ်းမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုအား လက်နက်ကိုင်အကြမ်းဖက်တစ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အိန္ဒိယ သူနာပြု လေးဦးအပါအဝင် လူ ၁၇ ဦးသေဆုံးခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောသည်။
လက်နက်ကိုင်လူတစ်စုက အေဒင်မြို့ ရှီခ်အိုသာမန် ခရိုင်ရှိ အဆိုပါ ဘိုးဘွားရိပ်သာ၏ ဂိတ်စောင့်များကို သေနတ်များဖြင့်ပစ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံအား လက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံလုံခြံုရေးအရာရှိတစ်ဦးက ဆိုသည်။
ကနဦးသတင်းများအရ အဆိုပါပစ်ခတ်မှုကြောင့် အိန္ဒိယသူနာပြုလေးဦးအပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘိုးဘွားရိပ်သာပစ်ခတ်မှုတွင် ယီမင်အခြေစိုက် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်) အဖွဲ့ဝင်များအား သံသယရှိသည်ဟု အေဒင်မြို့ အစိုးရ အဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက ဆင်ဟွာသတင်း ဌာနသို့ ၎င်း၏မှန်းဆချက်ကို ပြောကြားခဲ့သည်။
ခရစ်ယာန်သူနာပြုအဖွဲ့က အဆိုပါဘိုးဘွားရိပ်သာအား တာဝန်ယူစီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယီမင်နိုင်ငံ၏ယာယီမြို့တော်ဖြစ်သည့် အေဒင်မြို့တွင် တရားသူကြီးများ၊ အဆင့်မြင့်လုံခြံုရေးအရာရှိများနှင့် အေဒင်အုပ်ချုပ်ရေးမှူးဟောင်းတို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်း ဥပဒေစိုးမိုးမှုများ ပျက်ပြားစေခဲ့သည်။
အေဒင်မြို့အပါအဝင် အိမ်နီးချင်းခရိုင်များဖြစ်သည့် လာဂျ်နှင့်အာဗျန်တို့တွင် ဆူပူအုံကြွမှုများသည် အေဒင်မြို့သို့စစ်ဆင်ရေးဆင်နွှဲနေသည့် ဆော်ဒီဦးဆောင်သော အာရပ်ညွန့်ပေါင်းတပ်ဖွဲ့အတွက် စိန်ခေါ်မှုများပင်ဖြစ်သည်။
ဆင်ဟွာ။ကျောင်းသူတစ်ယောက်နဲ့ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရ
ဗြိတိန်နိုင်ငံဖွား ကျောင်းသူတစ်ယောက်နဲ့အခြားမိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံခဲ့တဲ့အမျိုးသားတစ်ဦးဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။
အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ဂျက်ဆီ မက်သူး(Jesse Matthew)ဟာ University of Virginia ရဲ့ကျောင်းသူ ဟာနာဂရေဟမ် (Hannah Graham) နဲ့ အသက် ၂၀ရွယ် Virginia နည်းပညာကျောင်းသူ မော်ဂန် ဟယ်ရင်းတန်( Morgan Harrington)ကို သတ်ဖြတ်ခဲ့မှုအတွက် အပြစ်ရှိကြောင်းလျှောက်လဲရှိခဲ့ပါတယ်။
Albernale Country Circuit Court မှာ ပြုလုပ်ခဲ့တဲ့ကြားနာမှုမှာ ဗာဂျီးနီးယား( Virginia)က Matthewဟာ သူရဲ့အပြုအမူတွေအတွက် ကိုယ်စားလှယ် ရှေ့နေက တစ်ဆင့် တောင်းပန်ခဲ့တယ်လို့ BBC Newsကတင်ပြခဲ့ပါတယ်။
Matthewဟာ ဆယ်စုနှစ်တစ်ခုက လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။Matthew ဟာ လူသတ်မှု၊သွေးဆောင်မှု၊၂၀၀၅ခုနှစ်က လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတို့အတွက် တရားဝင်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
Hannah နဲ့Morganတို့နှစ်ယောက်လုံးဟာ ပျောက်ဆုံးနေခဲ့တဲ့နောက် Matthew နေထိုင်တဲ့Charlotteville အနီးမှာ သေဆုံးလျက်သား တွေ့ရှိခဲ့တာပါ။အသတ်ခံရတဲ့နှစ်ယောက်ထဲက Morganသေဆုံးမှုဟာ ၂၀၀၉ခုနှစ်ထိ ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ Matthew ဟာ Hannahကို သတ်မှုနဲ့ Texasမှာ အဖမ်းခံခဲ့ရပါတယ်။
(Beauty Syh)
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment