မက္ဆီ၊ ေရာ္နယ္ဒုိ ဘယ္သူပုိေကာင္းလဲ ျငင္းရာကေန ရန္ျဖစ္ၿပီး လူသတ္မႈျဖစ္ပြား


မက္ဆီနဲ႔ ေရာ္နယ္ဒုိ ဘယ္သူပုိေကာင္းလဲ ျငင္းရာကေန ရန္ျဖစ္ခဲ့ၿပီး လူေသဆုံးခဲ့တာေၾကာင့္ ႏုိင္ဂ်ီးရီးယား ႏုိင္ငံသားတစ္ဦးကုိ လူသတ္မႈနဲ႔ စြဲခ်က္တင္ထားတယ္လုိ႔ Guardian သတင္းဌာက ေဖာ္ျပပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အိႏိၵယႏုိင္ငံ မြမ္ဘုိင္းၿမိဳ႕မွာ အခုလုိျဖစ္ပြားခဲ့ၿပီး ႏုိင္ဂ်ီးရီးယား ႏုိင္ငံသား ခ်ဴကူမာက သူ႔ရဲ႕အေဖာ္ျဖစ္သူ ဒူရမ္ဆူကူမာကုိ ကုိယ္ထိလက္ေရာက္ တုိက္ခုိက္ခဲ့တာလုိ႔ အိႏိၵယရဲတပ္ဖြဲ႕က ေျပာပါတယ္။

''ႏုိင္ဂ်ီးရီးယား ႏုိင္ငံသားႏွစ္ေယာက္က ေဘာလုံးသမားေတြအေၾကာင္း
ေဆြးေႏြးခဲ့ပါတယ္။ သူတုိ႔ႏွစ္ေယာက္ထဲမွာ တစ္ေယာက္က မက္ဆီပရိသတ္ျဖစ္ၿပီး ေနာက္တစ္ေယာက္က ေရာ္နယ္ဒုိ ပရိသတ္ပါ။ အျပန္အလွန္ စကားေျပာေနရင္း ရန္ျဖစ္ခဲ့ၾကပါတယ္။ ေသဆုံးသူက အခု လူသတ္မႈနဲ႔ စြပ္စြဲခံထားရသူကုိ ဖန္ခြက္နဲ႔ ပစ္ေပါက္ခဲ့ရာမွာ ဖန္ခြက္ကြဲသြားလုိ႔ စြပ္စြဲခံရသူ ဒဏ္ရာနည္းနည္း ရခဲ့ပါတယ္။ အဲဒီေနာက္ စြပ္စြဲခံရသူက ဖန္ကြဲစနဲ႔ ျပန္တုိက္ခုိက္ခဲ့ပါတယ္။ ေသဆုံးခဲ့သူက ေသြးထြက္လြန္ခဲ့တာပါ''လုိ႔စုံစမ္းစစ္ေဆးေရး ရဲအရာရွိက ေျပာပါတယ္။၏

မက္ဆီနဲ႔ ေရာ္နယ္ဒုိတုိ႔ဟာ ဒီေန႔ေခတ္ကမာၻ႔ေဘာလုံးေလာကမွာ အေကာင္းဆုံးကစားသမားႏွစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး မက္ဆီက ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆု ၅ ႀကိမ္၊ ေရာ္နယ္ဒုိက ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆု ၃ ႀကိမ္ ရရွိခဲ့ဖူးပါတယ္။

Nz (ရိုးရာေလး)
www.yoyarlay.com

#Nz_yyl
#Sports_yyl

(unicode version)

မက်ဆီ၊ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲ ငြင်းရာကနေ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား
...................................................................................

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲ ငြင်းရာကနေ ရန်ဖြစ်ခဲ့ပြီး လူသေဆုံးခဲ့တာကြောင့် နိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ Guardian သတင်းဌာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ အခုလိုဖြစ်ပွားခဲ့ပြီး နိုင်ဂျီးရီးယား နိုင်ငံသား ချူကူမာက သူ့ရဲ့အဖော်ဖြစ်သူ ဒူရမ်ဆူကူမာကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တာလို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

''နိုင်ဂျီးရီးယား နိုင်ငံသားနှစ်ယောက်က ဘောလုံးသမားတွေအကြောင်း
ဆွေးနွေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က မက်ဆီပရိသတ်ဖြစ်ပြီး နောက်တစ်ယောက်က ရော်နယ်ဒို ပရိသတ်ပါ။ အပြန်အလှန် စကားပြောနေရင်း ရန်ဖြစ်ခဲ့ကြပါတယ်။ သေဆုံးသူက အခု လူသတ်မှုနဲ့ စွပ်စွဲခံထားရသူကို ဖန်ခွက်နဲ့ ပစ်ပေါက်ခဲ့ရာမှာ ဖန်ခွက်ကွဲသွားလို့ စွပ်စွဲခံရသူ ဒဏ်ရာနည်းနည်း ရခဲ့ပါတယ်။ အဲဒီနောက် စွပ်စွဲခံရသူက ဖန်ကွဲစနဲ့ ပြန်တိုက်ခိုက်ခဲ့ပါတယ်။ သေဆုံးခဲ့သူက သွေးထွက်လွန်ခဲ့တာပါ''လို့ စုံစမ်းစစ်ဆေးရေး ရဲအရာရှိက ပြောပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဒီနေ့ခေတ်ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားနှစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး မက်ဆီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ်၊ ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၃ ကြိမ် ရရှိခဲ့ဖူးပါတယ်။
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment