ဆင္ႏွင့္တူသည့္ သေႏၶေျပာင္း၀က္ေပါက္ေလး ကေမာၻဒီးယားတြင္ ေမြးဖြား


ကေမာၻဒီးယားႏိုင္ငံမွ ဆင္ႏွင့္တူသည့္ သေႏၶေျပာင္း ၀က္ေပါက္ေလးတစ္ေကာင္၏ပံုက အင္တာနက္ တြင္ ျပန္႔ႏွံ႔လာေၾကာင္း သိရသည္။

ဆင္ႏွင့္တူေသာ ႏွာေမာင္းရွည္ႏွင့္အတူ ယပ္ေတာင္ကဲ့သို႔ရွည္လ်ားသည့္နားရြက္မ်ားပါရွိေသာ ၀က္ျဖဴ ေလးကို ကေမာၻဒီးယားႏိုင္ငံအေနာက္ပိုင္းရွိ ပရာမြိဳင္းၿမိဳ႕တြင္ ေမြးဖြားခဲ့ျခင္းျဖစ္သည္။ ၀က္ကေလးအေနျဖင့္ ပိန္သေယာင္ရွိေသာ္လည္း မ်က္ခြံမ်ားကို ဖြင့္ႏိုင္ျခင္းမရွိေသးေပ။ ထို႔ျပင္ ပံုမွန္မဟုတ္သည့္ ခႏၶာကိုယ္ ဖြဲ႕စည္း တည္ေဆာက္ပံုေၾကာင့္ လမ္းလည္း ေကာင္းစြာေလွ်ာက္ႏုိင္ျခင္းမရွိေပ။

၀က္ကေလးအေနျဖင့္ ဆက္လက္၍ အသက္ရွင္၊ မရွင္ကိုလည္းေကာင္း၊ မည္သည့္အေၾကာင္းေၾကာင့္ ယခုခဲ့သုိ႔ သေႏၶေျပာင္းသည့္ အသြင္သ႑ာန္ျဖစ္ေပၚေနရသည္ကိုလည္းေကာင္း မည္သူမွ် ရွင္းျပႏိုင္ျခင္းမရွိေပ။ ၂၀၁၄ ခုႏွစ္အတြင္းကလည္း အလားတူ ဆင္ႏွင့္တူသည့္ ၀က္ေပါက္ေလးတစ္ေကာင္ကို တ႐ုတ္ႏိုင္ငံအေရွ႕ ေတာင္ပိုင္း က်င္လင္းၿမိဳ႕တြင္ ေမြးဖြားခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ပါးစပ္ေပါက္မပါ၀င္သည့္ အဆုိပါ၀က္ ကေလးမွာ ေမြးဖြားၿပီးေနာက္ ႏွစ္နာရီအၾကာတြင္ ေသဆံုးသြားခဲ့သည္။

 တရုတ္ႏိုင္ငံတြင္ ၂၀၁၀ ခုႏွစ္ အတြင္း ကလည္းေကာင္း၊ ၂၀၁၅ ခုႏွစ္ ဇြန္လကလည္းေကာင္း အလားတူ ဆင္ႏွင့္အသြင္တူသည့္ သေႏၶေျပာင္း ၀က္ေပါက္ေလးမ်ား ေမြးဖြားခဲ့ဖူးသည္ဟု သိရသည္။

Ref: Daily Mail (စည္သူ)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...........


ကမ္ဘောဒီးယားနိုင်ငံမှ ဆင်နှင့်တူသည့် သန္ဓေပြောင်း ၀က်ပေါက်လေးတစ်ကောင်၏ပုံက အင်တာနက် တွင် ပြန့်နှံ့လာကြောင်း သိရသည်။

ဆင်နှင့်တူသော နှာမောင်းရှည်နှင့်အတူ ယပ်တောင်ကဲ့သို့ရှည်လျားသည့်နားရွက်များပါရှိသော ၀က်ဖြူ လေးကို ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်းရှိ ပရာမွိုင်းမြို့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၀က်ကလေးအနေဖြင့် ပိန်သယောင်ရှိသော်လည်း မျက်ခွံများကို ဖွင့်နိုင်ခြင်းမရှိသေးပေ။ ထို့ပြင် ပုံမှန်မဟုတ်သည့် ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံကြောင့် လမ်းလည်း ကောင်းစွာလျှောက်နိုင်ခြင်းမရှိပေ။

၀က်ကလေးအနေဖြင့် ဆက်လက်၍ အသက်ရှင်၊ မရှင်ကိုလည်းကောင်း၊ မည်သည့်အကြောင်းကြောင့် ယခုခဲ့သို့ သန္ဓေပြောင်းသည့် အသွင်သဏ္ဍာန်ဖြစ်ပေါ်နေရသည်ကိုလည်းကောင်း မည်သူမျှ ရှင်းပြနိုင်ခြင်းမရှိပေ။ ၂၀၁၄ ခုနှစ်အတွင်းကလည်း အလားတူ ဆင်နှင့်တူသည့် ၀က်ပေါက်လေးတစ်ကောင်ကို တရုတ်နိုင်ငံအရှေ့ တောင်ပိုင်း ကျင်လင်းမြို့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပါးစပ်ပေါက်မပါ၀င်သည့် အဆိုပါ၀က် ကလေးမှာ မွေးဖွားပြီးနောက် နှစ်နာရီအကြာတွင် သေဆုံးသွားခဲ့သည်။

 တရုတ်နိုင်ငံတွင် ၂၀၁၀ ခုနှစ် အတွင်း ကလည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇွန်လကလည်းကောင်း အလားတူ ဆင်နှင့်အသွင်တူသည့် သန္ဓေပြောင်း ၀က်ပေါက်လေးများ မွေးဖွားခဲ့ဖူးသည်ဟု သိရသည်။

Ref: Daily Mail (စည်သူ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment