မူးယစ္ေဆး၀ါးေမွာင္ခိုကူးသူမ်ားကို ေသသည္အထိ မူးယစ္ေဆးစားခိုင္းေသာနည္းျဖင့္ ကြပ္မ်က္ရန္ အင္ဒိုနီးရွားစဥ္းစား


အင္ဒိုနီးရွားႏုိင္ငံ၏ အမ်ဳိးသား မူးယစ္ေဆး၀ါးေအဂ်င္စီက မူးယစ္ေဆး၀ါးေမွာင္ခိုကူးသူမ်ားကို ျပင္းထန္ သည့္အျပစ္ဒဏ္တစ္မ်ဳိးျဖင့္အျပစ္ေပးရန္ စဥ္းစားသံုးသပ္လ်က္ရွိေၾကာင္း သိရသည္။ အဆိုပါျပစ္ဒဏ္ကို ဥပေဒ တစ္ရပ္အျဖစ္ အသက္သြင္းရန္ အာဏာပိုင္မ်ားက စဥ္းစားလ်က္ရွိၿပီး အကယ္၍ အဆိုပါဥပေဒ အေကာင္ အထည္ေပၚလာပါက မူးယစ္ေဆး၀ါးေမွာင္ခိုကူးသူမ်ားကို ေသနတ္ပစ္အဖြဲ႕ျဖင့္ ကြပ္မ်က္ျခင္းထက္ ၎တို႔၏ မူးယစ္ေဆး၀ါးမ်ားကို အတင္းအက်ပ္ စားေစကာ ေသဆံုးသည္အထိ စားခိုင္းမည္ျဖစ္ေၾကာင္း သိရသည္။

အင္ဒိုနီးရွားႏိုင္ငံတြင္ မူးယစ္ေဆး၀ါးေမွာင္ခိုကူးသူမ်ားကို မည္သည့္ႏိုင္ငံသားျဖစ္ေစ ေသနတ္ပစ္အဖြဲ႕ ျဖင့္ ပစ္သတ္ကြပ္မ်က္သည့္ျပစ္ဒဏ္အပါအ၀င္ ျပင္းထန္ေသာဥပေဒမ်ားကို ခ်မွတ္ထားၿပီးျဖစ္သည္။ မူးယစ္ေဆးစြဲသူ ၄ ဒသမ ၅ သန္းခန္႔ရွိေနသည့္ အင္ဒိုနီးရွားႏိုင္ငံတြင္ မူးယစ္ေဆးေၾကာင့္ပင္ ေန႔စဥ္ေသဆံုးသူ ၃၃ ဦးအထိ ရွိေနသည္။ လက္ရွိအခ်ိန္တြင္ ရဲမ်ားကလည္း မူးယစ္ေဆး၀ါးေရာင္း၀ယ္သူမ်ားကို တုိးျမႇင့္ ဖမ္းဆီး မႈမ်ား ျပဳလုပ္လ်က္ရွိရာ မၾကာေသးမီက ေရွာင္တခင္စီးနင္းမႈတစ္ခုအတြင္း လူေလးဦးေသဆံုးခဲ့သည္။

မူးယစ္ေဆး၀ါးသည္ အမ်ဳိးသားရန္သူႀကီးျဖစ္သည့္အတြက္ တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္သြားမည္ျဖစ္ ေၾကာင္းႏွင့္ မူးယစ္ေဆး၀ါးေရာင္းခ်သူမ်ားကို ဂ်ကာတာရွိလမ္းမ်ားတြင္သာမက အင္ဒိုနီးရွားတစ္ႏိုင္ငံလံုးမွပါ ဖယ္ရွားရွင္းလင္းပစ္ရမည္ျဖစ္ေၾကာင္း ရဲခ်ဳပ္ဟန္ဒ႐ိုပန္ဒို၀ုိက ဆိုသည္။ ေ၀ဖန္ေရးသမားမ်ားကမူ အဆိုျပဳထား သည့္ ဥပေဒသစ္ကို ျပင္းျပင္းထန္ထန္ေ၀ဖန္လ်က္ရွိသည္။ လြန္ခဲ့သည့္ႏွစ္ကုန္ပုိင္းက အင္ဒိုနီးရွား၌ ကြပ္မ်က္မႈ မ်ားကို ယာယီရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ဆံုးျဖတ္ၿပီးေနာက္တြင္ အဆိုပါဥပေဒသစ္အဆိုျပဳလႊာ ေပၚေပါက္ လာျခင္းျဖစ္သည္။

Ref: Daily Mail (စည္သူ)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.........


အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသား မူးယစ်ဆေးဝါးအေဂျင်စီက မူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို ပြင်းထန် သည့်အပြစ်ဒဏ်တစ်မျိုးဖြင့်အပြစ်ပေးရန် စဉ်းစားသုံးသပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါပြစ်ဒဏ်ကို ဥပဒေ တစ်ရပ်အဖြစ် အသက်သွင်းရန် အာဏာပိုင်များက စဉ်းစားလျက်ရှိပြီး အကယ်၍ အဆိုပါဥပဒေ အကောင် အထည်ပေါ်လာပါက မူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို သေနတ်ပစ်အဖွဲ့ဖြင့် ကွပ်မျက်ခြင်းထက် ၎င်းတို့၏ မူးယစ်ဆေးဝါးများကို အတင်းအကျပ် စားစေကာ သေဆုံးသည်အထိ စားခိုင်းမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို မည်သည့်နိုင်ငံသားဖြစ်စေ သေနတ်ပစ်အဖွဲ့ ဖြင့် ပစ်သတ်ကွပ်မျက်သည့်ပြစ်ဒဏ်အပါအဝင် ပြင်းထန်သောဥပဒေများကို ချမှတ်ထားပြီးဖြစ်သည်။ မူးယစ်ဆေးစွဲသူ ၄ ဒသမ ၅ သန်းခန့်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးကြောင့်ပင် နေ့စဉ်သေဆုံးသူ ၃၃ ဦးအထိ ရှိနေသည်။ လက်ရှိအချိန်တွင် ရဲများကလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူများကို တိုးမြှင့် ဖမ်းဆီး မှုများ ပြုလုပ်လျက်ရှိရာ မကြာသေးမီက ရှောင်တခင်စီးနင်းမှုတစ်ခုအတွင်း လူလေးဦးသေဆုံးခဲ့သည်။

မူးယစ်ဆေးဝါးသည် အမျိုးသားရန်သူကြီးဖြစ်သည့်အတွက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဖြစ် ကြောင်းနှင့် မူးယစ်ဆေးဝါးရောင်းချသူများကို ဂျကာတာရှိလမ်းများတွင်သာမက အင်ဒိုနီးရှားတစ်နိုင်ငံလုံးမှပါ ဖယ်ရှားရှင်းလင်းပစ်ရမည်ဖြစ်ကြောင်း ရဲချုပ်ဟန်ဒရိုပန်ဒိုဝိုက ဆိုသည်။ ဝေဖန်ရေးသမားများကမူ အဆိုပြုထား သည့် ဥပဒေသစ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လျက်ရှိသည်။ လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက အင်ဒိုနီးရှား၌ ကွပ်မျက်မှု များကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီးနောက်တွင် အဆိုပါဥပဒေသစ်အဆိုပြုလွှာ ပေါ်ပေါက် လာခြင်းဖြစ်သည်။

Ref: Daily Mail (စည်သူ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment