Google က ဓာတ္ပံုေတြမွာေတြ႕ရတဲ႔ ပင္လယ္ထဲက ေလယာဥ္ MH370 ျဖစ္နိုင္
မေလးရွားေလယာဥ္ MH 370ဟာ လူေပါင္း၂၃၉ဦးနဲ႕ ပ်ံသန္းေနစဥ္ ေရဒါအတြင္းက ေပ်ာက္ကြယ္သြားတာ
ယခုဆိုႏွစ္ႏွစ္ နီးပါးရွိပါၿပီ။
၂၀၁၄ မတ္လမွာ ကြာလာလမ္ပူကေန ေဘဂ်င္းကို ပ်ံသန္းေနစဥ္ ေလယာဥ္ ထိန္းခ်ဳပ္မွုစနစ္ေအာက္ကေန ေပ်ာက္ကြယ္သြားခဲ႕တာပါ။
Boeing 777မွာ ဘာေတြျဖစ္ပ်က္ခဲ႕လဲဆိုတဲ႕ ေျမာက္မ်ားစြာေသာ အဆိုေတြ စြပ္စြဲခ်က္ေတြလည္း ထြက္ေပၚခဲ႕ပါတယ္။
ယခုအခါမွာေတာ႔ ထိုင္၀မ္မွာေနထိုင္ၿပီး US Air Force Strategic Command Centre အတြက္ အလုပ္လုပ္ေပးေနတဲ႕ စေကာ႔ စီ ၀ါရင္း (Scott C Waring)က ေလယာဥ္ရဲ႕ အပိုင္းအစေတြကို အမွတ္မထင္ရွာေတြ႕ခဲ႔တယ္လုိ႕ ဆိုပါတယ္။
၀ါရင္းက “ကြ်န္ေတာ္ UFOအေဟာင္းတစ္ခုအတြက္ “The Cape of Hope” ဆိုတဲ႕ေနရာကို Google Earthကေန ၾကည့္ေနတာပါ..အဲဒီမွာပဲ ကြ်န္ေတာ္ ေရထဲမွာ အရိပ္တစ္ခုကို ျမင္ရတယ္ ၿပီးေတာ႔ ဒါက တကယ္ကို သတင္းထူးရမယ္လို႔ ကြ်န္ေတာ္ေမ်ွာ္လင္႔တယ္လို႕ ဆိုပါတယ္။
ဆက္လက္ၿပီး “ဒါက ခရီးသည္တင္ေလယာဥ္ၿကီးရဲ႕ အရိပ္နဲ႕ ဆင္ပါတယ္ ။Google Earth ကပံုရဲ႕ ရက္စြဲက ၂၇.၆.၂၀၁၅ျဖစ္ၿပီးေတာ႔ ေလယာဥ္ပ်က္က်ခဲ႔တာက ၈.၃.၂၀၁၄မွာပါ ။ဒါက ေျခာက္လေလာက္ပဲကြာတယ္”လို႕ ၀ါရင္းက ေျပာပါတယ္။
“The Cape of Good Hope”ရဲ႕ ပတ္ပတ္လည္မွာ အားျပင္းတဲ႕ ေရစီးေၾကာင္း လွိုင္းေတြနဲ႕ နက္တဲ႕ အက္ေၾကာင္းေတြရွိပါတယ္။
“ပံုက ရွစ္လေလာက္ၾကာၿပီဆိုေတာ႔ ေလယာဥ္ အပ်က္က ၃၀ကေန ၆၀ကီလိုမီတာကိုေရြ႔နိုင္တဲ႕အျပင္ ေရေအာက္ကို ေလးေပကေန ကိုးေပအထိ က်သြားနိုင္တယ္”လို႕ သူက ထပ္ေျပာထားပါတယ္။
UFO Sightings Dailyရဲ႕ အယ္ဒီတာလည္း ျဖစ္သူ ၀ါရင္းကေတာ႔ MH 370နဲ႕ ပတ္သက္ၿပီး တကယ္႕သက္ေသအစစ္အမွန္မရွိေသးတာကို သတိျပဳၾကဖို႕ တိုက္တြန္းထားပါတယ္။
“ဒါက MH 370ျဖစ္နိုင္ဖို႔ ရာခိုင္နွုန္းက တစ္ရာခိုင္ႏွုန္းထက္ေတာင္နည္းပါးတယ္ ဆိုတာ ကြ်န္ေတာ္သိပါတယ္။ေလယာဥ္ေပၚက မိသားစုေတြနဲ႕ သူငယ္ခ်င္းေတြဆံုးရွုံးသြားခဲ႕တဲ႕ သူေတြအတြက္ ကြ်န္ေတာ္လည္းခံစားရပါတယ္ ဒါေပမယ္႔ အခုဆုိတျဖည္းျဖည္းနီးစပ္လာပါၿပီ”လို႕ ၀ါရင္းကေျပာၾကားခဲ႕ပါတယ္။
နိုင္ငံတကာ ရွာေဖြေရး အဖြဲ႕ကေတာ႔ ပ်က္က်သြားတဲ႕ေလယာဥ္ကို ရွာေဖြေနဆဲျဖစ္ၿပီး ယခုႏွစ္ ဂြ်န္လမွာေတာ႔ အားၿပိဳင္မွုေတြရွိေနခဲ႕ပါတယ္။
(Beauty Syh)
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref : Mirror
................................................................
Google က ဓာတ်ပုံတွေမှာတွေ့ရတဲ့ ပင်လယ်ထဲက လေယာဉ် MH370 ဖြစ်နိုင်
မလေးရှားလေယာဉ် MH 370ဟာ လူပေါင်း၂၃၉ဦးနဲ့ ပျံသန်းနေစဉ် ရေဒါအတွင်းက ပျောက်ကွယ်သွားတာ
ယခုဆိုနှစ်နှစ် နီးပါးရှိပါပြီ။
၂၀၁၄ မတ်လမှာ ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းနေစဉ် လေယာဉ် ထိန်းချုပ်မှုစနစ်အောက်ကနေ ပျောက်ကွယ်သွားခဲ့တာပါ။
Boeing 777မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတဲ့ မြောက်များစွာသော အဆိုတွေ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ထိုင်ဝမ်မှာနေထိုင်ပြီး US Air Force Strategic Command Centre အတွက် အလုပ်လုပ်ပေးနေတဲ့ စကော့ စီ ၀ါရင်း (Scott C Waring)က လေယာဉ်ရဲ့ အပိုင်းအစတွေကို အမှတ်မထင်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
၀ါရင်းက “ကျွန်တော် UFOအဟောင်းတစ်ခုအတွက် “The Cape of Hope” ဆိုတဲ့နေရာကို Google Earthကနေ ကြည့်နေတာပါ..အဲဒီမှာပဲ ကျွန်တော် ရေထဲမှာ အရိပ်တစ်ခုကို မြင်ရတယ် ပြီးတော့ ဒါက တကယ်ကို သတင်းထူးရမယ်လို့ ကျွန်တော်မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဒါက ခရီးသည်တင်လေယာဉ်ကြီးရဲ့ အရိပ်နဲ့ ဆင်ပါတယ် ။Google Earth ကပုံရဲ့ ရက်စွဲက ၂၇.၆.၂၀၁၅ဖြစ်ပြီးတော့ လေယာဉ်ပျက်ကျခဲ့တာက ၈.၃.၂၀၁၄မှာပါ ။ဒါက ခြောက်လလောက်ပဲကွာတယ်”လို့ ၀ါရင်းက ပြောပါတယ်။
“The Cape of Good Hope”ရဲ့ ပတ်ပတ်လည်မှာ အားပြင်းတဲ့ ရေစီးကြောင်း လှိုင်းတွေနဲ့ နက်တဲ့ အက်ကြောင်းတွေရှိပါတယ်။
“ပုံက ရှစ်လလောက်ကြာပြီဆိုတော့ လေယာဉ် အပျက်က ၃၀ကနေ ၆၀ကီလိုမီတာကိုရွေ့နိုင်တဲ့အပြင် ရေအောက်ကို လေးပေကနေ ကိုးပေအထိ ကျသွားနိုင်တယ်”လို့ သူက ထပ်ပြောထားပါတယ်။
UFO Sightings Dailyရဲ့ အယ်ဒီတာလည်း ဖြစ်သူ ၀ါရင်းကတော့ MH 370နဲ့ ပတ်သက်ပြီး တကယ့်သက်သေအစစ်အမှန်မရှိသေးတာကို သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
“ဒါက MH 370ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းက တစ်ရာခိုင်နှုန်းထက်တောင်နည်းပါးတယ် ဆိုတာ ကျွန်တော်သိပါတယ်။လေယာဉ်ပေါ်က မိသားစုတွေနဲ့ သူငယ်ချင်းတွေဆုံးရှုံးသွားခဲ့တဲ့ သူတွေအတွက် ကျွန်တော်လည်းခံစားရပါတယ် ဒါပေမယ့် အခုဆိုတဖြည်းဖြည်းနီးစပ်လာပါပြီ”လို့ ၀ါရင်းကပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ ရှာဖွေရေး အဖွဲ့ကတော့ ပျက်ကျသွားတဲ့လေယာဉ်ကို ရှာဖွေနေဆဲဖြစ်ပြီး ယခုနှစ် ဂျွန်လမှာတော့ အားပြိုင်မှုတွေရှိနေခဲ့ပါတယ်။
(Beauty Syh)
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment