အီရတ္တြင္ အိုင္အက္စ္ တပ္မွဴးတစ္ဦးကို အေမရိကန္အထူးတပ္ဖြဲ႕မ်ား၏ စစ္ဆင္ေရးအတြင္း ဖမ္းဆီးရမိ

On Wed, 2016-03-02 13:06
Issue No.No.1026 Wednesday, March 2, 2016

အီရတ္တြင္ အစၥလာမ္မစ္ႏုိင္ငံေတာ္ (အိုင္အက္စ္) ၏ ေခါင္းေဆာင္ပိုင္းမ်ားကို ေခ်မႈန္းရန္ သီးသန္႔လႈပ္ရွားမည့္ အေမရိကန္ အထူးတပ္ဖြဲ႕သည္ ပထမဆံုး အုိင္အက္စ္တပ္မွဴးတစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အိုင္အက္စ္ ေခါင္းေဆာင္ပိုင္းမ်ားကို ဖမ္းဆီးရန္၊ သို႔မဟုတ္ သုတ္သင္ရန္အတြက္ အေမရိကန္၏ Delta Force တပ္ဖြဲ႕ဝင္မ်ားကို အီရတ္တြင္ ျဖန္႔က်က္သြားမည္ဟု အေမရိကန္ကာကြယ္ေရးဝန္ႀကီး အက္ရွ္တန္ကာတာက ေၾကညာခဲ့သည့္ေနာက္ ရက္ပိုင္းအတြင္း စစ္ဆင္ေရးတစ္ရပ္ စတင္ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္။
Delta Force တပ္ဖြဲ႕မ်ား အီရတ္ေျမာက္ပိုင္းတြင္ ဖမ္းဆီးရမိသည့္ စစ္ေသြးႂကြ တပ္မွဴးကို အေမရိကန္ေထာက္လွမ္းေရးက စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ အီရတ္အစိုးရအာဏာပိုင္မ်ားထဲ လက္လႊဲေပးအပ္ခဲ့ေၾကာင္း အေမရိကန္စစ္ဘက္ ထိပ္တန္းအရာရွိ ႏွစ္ဦးက အတည္ျပဳခဲ့သည္။
Delta Force တပ္ဖြဲ႕မ်ားသည္ အီရတ္တြင္ စစ္ဆင္ေရးမ်ား ဆင္ႏႊဲရန္အတြက္ သီတင္းပတ္အေတာ္မ်ားမ်ား ႀကိဳတင္ေလ့လာျပင္ဆင္မႈမ်ားျပဳလုပ္ခဲ့ၿပီး ပထမဆံုးစီးနင္းမႈတြင္ပင္ ေအာင္ျမင္မႈရရွိခဲ့ျခင္း ျဖစ္သည္။ ယခု စစ္ဆင္ေရးအၿပီးတြင္ ေနာက္ထပ္ေထာက္လွမ္းေရး သတင္းအခ်က္အလက္မ်ားကို အေျခခံကာ အလားတူ ကြန္မန္ဒိုဆန္ဆန္ တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ဟု အေမရိကန္စစ္ဘက္က ေျပာၾကားခဲ့သည္။
အေမရိကန္ အထူးတပ္ဖြဲ႕မ်ားသည္ အုိင္အက္စ္၏ ထင္ရွားေသာ ေခါင္းေဆာင္ပိုင္းတစ္ဦးျဖစ္သူ အဘူေဆယက္ဖ္၏ဇနီးကို ယမန္ႏွစ္က ဆီးရီးယားတြင္ ျပဳလုပ္ေသာ စစ္ဆင္ေရးတစ္ခုအတြင္း ဖမ္းဆီးရမိၿပီးေနာက္ အီရတ္အာဏာပိုင္မ်ားထံ လက္လႊဲအပ္ႏွံခဲ့သည္။ ထို႔ေနာက္ပိုင္းတြင္ သူမကို စစ္ေဆးေမးျမန္းၿပီး ရရွိလာသည့္ သတင္းအခ်က္အလက္မ်ားကို အေျခခံကာ အိုင္အက္စ္ေခါင္းေဆာင္ပိုင္းကို အထူးျပဳပစ္မွတ္ထားသည့္ Delta Focre အဖြဲ႕မ်ား စုစည္း၍ စစ္ဆင္ေရးမ်ား ေဆာင္ရြက္ရန္ အေမရိကန္အစိုးရက ဆံုးျဖတ္ခဲ့ျခင္းဟု သိရွိရသည္။
Ref: CNN
7Daydaily
.............
On Wed, 2016-03-02 13:06
Issue No.No.1026 Wednesday, March 2, 2016

အီရတ်တွင် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) ၏ ခေါင်းဆောင်ပိုင်းများကို ချေမှုန်းရန် သီးသန့်လှုပ်ရှားမည့် အမေရိကန် အထူးတပ်ဖွဲ့သည် ပထမဆုံး အိုင်အက်စ်တပ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အိုင်အက်စ် ခေါင်းဆောင်ပိုင်းများကို ဖမ်းဆီးရန်၊ သို့မဟုတ် သုတ်သင်ရန်အတွက် အမေရိကန်၏ Delta Force တပ်ဖွဲ့ဝင်များကို အီရတ်တွင် ဖြန့်ကျက်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ကြေညာခဲ့သည့်နောက် ရက်ပိုင်းအတွင်း စစ်ဆင်ရေးတစ်ရပ် စတင်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
Delta Force တပ်ဖွဲ့များ အီရတ်မြောက်ပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်သွေးကြွ တပ်မှူးကို အမေရိကန်ထောက်လှမ်းရေးက စစ်ဆေးမှုများပြုလုပ်ပြီးနောက် အီရတ်အစိုးရအာဏာပိုင်များထဲ လက်လွှဲပေးအပ်ခဲ့ကြောင်း အမေရိကန်စစ်ဘက် ထိပ်တန်းအရာရှိ နှစ်ဦးက အတည်ပြုခဲ့သည်။
Delta Force တပ်ဖွဲ့များသည် အီရတ်တွင် စစ်ဆင်ရေးများ ဆင်နွှဲရန်အတွက် သီတင်းပတ်အတော်များများ ကြိုတင်လေ့လာပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ပထမဆုံးစီးနင်းမှုတွင်ပင် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။ ယခု စစ်ဆင်ရေးအပြီးတွင် နောက်ထပ်ထောက်လှမ်းရေး သတင်းအချက်အလက်များကို အခြေခံကာ အလားတူ ကွန်မန်ဒိုဆန်ဆန် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်စစ်ဘက်က ပြောကြားခဲ့သည်။
အမေရိကန် အထူးတပ်ဖွဲ့များသည် အိုင်အက်စ်၏ ထင်ရှားသော ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သူ အဘူဆေယက်ဖ်၏ဇနီးကို ယမန်နှစ်က ဆီးရီးယားတွင် ပြုလုပ်သော စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးရမိပြီးနောက် အီရတ်အာဏာပိုင်များထံ လက်လွှဲအပ်နှံခဲ့သည်။ ထို့နောက်ပိုင်းတွင် သူမကို စစ်ဆေးမေးမြန်းပြီး ရရှိလာသည့် သတင်းအချက်အလက်များကို အခြေခံကာ အိုင်အက်စ်ခေါင်းဆောင်ပိုင်းကို အထူးပြုပစ်မှတ်ထားသည့် Delta Focre အဖွဲ့များ စုစည်း၍ စစ်ဆင်ရေးများ ဆောင်ရွက်ရန် အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဟု သိရှိရသည်။
Ref: CNN
7Daydaily
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment