ေျခာက္လၾကာ နာမက်န္းျဖစ္ခဲ့ၿပီးမွ ႏွာေခါင္းထဲမွာ တြယ္ခ်ိတ္ရွိေနမွန္းသိခဲ့ရတဲ့ ၅ႏွစ္အရြယ္ မိန္းကေလး



ေျခာက္လၾကာ ျပင္းထန္တဲ႕ႏွာေခါင္းေ၀ဒနာကို ခံစားေနရတဲ႕ အသက္၅ႏွစ္အရြယ္ ကယ္လီဖိုးနီးယားသူေလးဟာ ေနာက္ဆံုးမွာေတာ့ႏွာေခါင္းထဲက ၁.၅ လက္မရွိတဲ့ တြယ္ခ်ိတ္ကို ထုတ္ႏိုင္ခဲ႕ၿပီျဖစ္ပါတယ္။

ကိတ္တလီ ပို၀ဲ(Kately Powell ) က သူမရဲ႕သမီး ကလိုး ရူဆယ္(Khloe Russell)ကို ဆရာ၀န္ေတြက ႏွာေခါင္းပိတ္ေနတယ္လို႕ေျပာခဲ႔ၿပီး ပဋိဇီ၀ေဆးေတြကို ညႊန္ၾကားခဲ႕တယ္လို႔ ဆိုပါတယ္။

သူမက ဆက္လက္ၿပီး “လြန္ခဲ႔တဲ႔ ေျခာက္လေလာက္ကစၿပီး ႏွာေခါင္းတစ္ဖက္က အလုပ္မလုပ္ေတာ့ပါဘူး။
ပဋိဇီ၀ေဆးေတြက ကြ်န္မသမီးအေပၚ ဘာအက်ိဳးဆက္မွ မသက္ေရာက္ခဲ႔ဘူး”လို႔ KABC Newsကိုေျပာပါတယ္။

ၿပီးခဲ႕တဲ႕အပတ္က Khloeရဲ႕ဦးေလးလုပ္သူက ႏွာေခါင္းကေလကို မွုတ္ခိုင္းလိုက္တဲ႕အခါ အေျဖထြက္လာခဲ႕ပါတယ္။အဲဒါကေတာ႔ တြယ္ခ်ိတ္တစ္ခုျဖစ္ပါတယ္။

တစ္လက္မခဲြေလာက္ရွည္တဲ႔ တြယ္ခ်ိတ္ဟာ အနက္ေရာင္ျဖစ္ၿပီးအနည္းငယ္ပ်က္စီးေနပါၿပီ။
“တြယ္ခ်ိတ္က ကြ်န္မသမီးရဲ႕ ႏွာေခါင္းထက္ ၿကီးေနပါတယ္။ကြ်န္မသူ႕ကို ဒါဘယ္လို ၀င္သြားလဲဆိိုတာေမးၾကည့္မိတယ္”လို႔ မိခင္ျဖစ္သူ powellက ဆိုပါတယ္။

Khloeက ရဲတိုက္ေဆာက္တမ္းကစားေနစဥ္ မွားယြင္းၿပီး ၀င္သြားတယ္လို႕ ထပ္မံ ေျပာျပခဲ့ပါတယ္။

Powellက သူမဟာ သူမရဲ႕အုပ္ထိန္းမွုအားနည္းတာကို ကဲ႕ရဲ႕တဲ႕ ေမးလ္ေတြအမ်ားၿကီးလက္ခံရရွိခဲ႕တယ္လို႕
UPIကုိ ေျပာၾကားခဲ႕ပါတယ္။အဲဒီေမးလ္ေတြအေပၚ သူမက “ဒီအျဖစ္အပ်က္က သူတို႔ရဲ႕ကေလးေတြမွာလည္း ျဖစ္နိုင္တယ္ဆိုတာ လူေတြနားလည္မယ္လို႔ ေမ်ွာ္လင့္ပါတယ္”ဆိုၿပီး ေျဖၾကားခဲ႕ပါတယ္။

အခုဆိုရင္ Khloeက ျပန္ေနေကာင္းလာၿပီး သူမရဲ႕အေမက “Khloeကတကယ္ပဲ ခ်န္ပီယံေလးလို ေရာဂါေပ်ာက္ကင္းေနပါၿပီ’’လို႕ ေဖ႕စ္ဘြတ္္စာမ်က္ႏွာမွာ ေရးသားခဲ႕ပါတယ္။

(Beauty Syh)

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI

..........................................


ခြောက်လကြာ နာမကျန်းဖြစ်ခဲ့ပြီးမှ နှာခေါင်းထဲမှာ တွယ်ချိတ်ရှိနေမှန်းသိခဲ့ရတဲ့ ၅နှစ်အရွယ် မိန်းကလေး
 
ခြောက်လကြာ ပြင်းထန်တဲ့နှာခေါင်းဝေဒနာကို ခံစားနေရတဲ့ အသက်၅နှစ်အရွယ် ကယ်လီဖိုးနီးယားသူလေးဟာ နောက်ဆုံးမှာတော့နှာခေါင်းထဲက ၁.၅ လက်မရှိတဲ့ တွယ်ချိတ်ကို ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိတ်တလီ ပိုဝဲ(Kately Powell ) က သူမရဲ့သမီး ကလိုး ရူဆယ်(Khloe Russell)ကို ဆရာဝန်တွေက နှာခေါင်းပိတ်နေတယ်လို့ပြောခဲ့ပြီး ပဋိဇီဝဆေးတွေကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

သူမက ဆက်လက်ပြီး “လွန်ခဲ့တဲ့ ခြောက်လလောက်ကစပြီး နှာခေါင်းတစ်ဖက်က အလုပ်မလုပ်တော့ပါဘူး။
ပဋိဇီဝဆေးတွေက ကျွန်မသမီးအပေါ် ဘာအကျိုးဆက်မှ မသက်ရောက်ခဲ့ဘူး”လို့ KABC Newsကိုပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က Khloeရဲ့ဦးလေးလုပ်သူက နှာခေါင်းကလေကို မှုတ်ခိုင်းလိုက်တဲ့အခါ အဖြေထွက်လာခဲ့ပါတယ်။အဲဒါကတော့ တွယ်ချိတ်တစ်ခုဖြစ်ပါတယ်။

တစ်လက်မခွဲလောက်ရှည်တဲ့ တွယ်ချိတ်ဟာ အနက်ရောင်ဖြစ်ပြီးအနည်းငယ်ပျက်စီးနေပါပြီ။
“တွယ်ချိတ်က ကျွန်မသမီးရဲ့ နှာခေါင်းထက် ကြီးနေပါတယ်။ကျွန်မသူ့ကို ဒါဘယ်လို ၀င်သွားလဲဆိိုတာမေးကြည့်မိတယ်”လို့ မိခင်ဖြစ်သူ powellက ဆိုပါတယ်။

Khloeက ရဲတိုက်ဆောက်တမ်းကစားနေစဉ် မှားယွင်းပြီး ၀င်သွားတယ်လို့ ထပ်မံ ပြောပြခဲ့ပါတယ်။

Powellက သူမဟာ သူမရဲ့အုပ်ထိန်းမှုအားနည်းတာကို ကဲ့ရဲ့တဲ့ မေးလ်တွေအများကြီးလက်ခံရရှိခဲ့တယ်လို့
UPIကို ပြောကြားခဲ့ပါတယ်။အဲဒီမေးလ်တွေအပေါ် သူမက “ဒီအဖြစ်အပျက်က သူတို့ရဲ့ကလေးတွေမှာလည်း ဖြစ်နိုင်တယ်ဆိုတာ လူတွေနားလည်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ဖြေကြားခဲ့ပါတယ်။

အခုဆိုရင် Khloeက ပြန်နေကောင်းလာပြီး သူမရဲ့အမေက “Khloeကတကယ်ပဲ ချန်ပီယံလေးလို ရောဂါပျောက်ကင်းနေပါပြီ’’လို့ ဖေ့စ်ဘွတ််စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment