တရုတ်စီးပွားရေး တိုးတက်မှု နှေးကွေးမယ်

၂၀၁၆ ခုနှစ် မှာ တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ဟာ ၆.၅ ရာခိုင်နှုန်း နဲ့ ၇ ရာခိုင်နှုန်း အတွင်းသာ ရှိမယ်လို့ တရုတ် ဝန်ကြီးချုပ်က ပြောကြား လိုက်ပါတယ်။


၂၀၁၆ ခုနှစ် အတွက် စီးပွားရေး တိုးတက်မှု နှုန်း ၇ ရာခိုင်နှုန်း ရှိမယ်အရင်တုန်းကခန့်မှန်း ထားခဲ့ပေမယ့် အခုတော့ ၆.၅ နဲ့ ၇ ရာခိုင်နှုန်းအတွင်းမှာ စီးပွားရေး တိုးတက်မှု နှုန်း ရှိမှာဖြစ်တယ် လို့ တရုတ်အမျိုးသား ပြည်သူ့ ကွန်ဂရက်မှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။



BBC Burmese

.............................................


 ၂၀၀၆ထဲမှာ တရုတ်အနေနဲ့ စီးပွားရေး အခက်အခဲ အကျပ်အတည်း တွေပို တွေ့ဖို့ရှိ တယ်လို့ တရုတ် ဝန်ကြီးချုပ်ပြော
၂၀၁၆ ခုနှစ် မှာ တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ဟာ ၆.၅ ရာခိုင်နှုန်း နဲ့ ရ ရာခိုင်နှုန်း အတွင်းသာ ရှိမယ်လို့ တရုတ် ဝန်ကြီးချုပ်က ပြောကြား လိုက်ပါတယ်။

၂၀၁၅ ခုနှစ်က စီးပွားရေး တိုးတက်မှု နှုန်း ၆.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ ၂၅ နှစ် အတွင်း မှာ တရုတ် နိုင်ငံ အတွက် အနှေးကွေးဆုံး စီးပွားရေး တိုးတက်မှုနှုန်း ဖြစ်ခဲ့ ပါတယ်။

၂၀၁၆ ခုနှစ် အတွက် စီးပွားရေး တိုးတက်မှု နှုန်း ရ ရာခိုင်နှုန်း ရှိမယ်အရင်တုန်းကခန့်မှန်း ထားခဲ့ပေမယ့် အခုတော့ ၆.၅ နဲ့ ရ ရာခိုင်နှုန်းအတွင်းမှာ စီးပွားရေး တိုးတက်မှု နှုန်း ရှိမှာဖြစ်တယ် လို့ တရုတ်အမျိုးသား ပြည်သူ့ ကွန်ဂရက်မှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် ကျင်းပနေတဲ့ ကွန်ဂရက်မှာ ဝန်ကြီးချုပ် လီကွက်ကျန်း က နိုင်ငံအနေနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပေမယ့် အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြား ခဲ့ပါတယ်။

နိုင်ငံပိုင် စက်ရုံတွေမှာ လူ့စွမ်းအား အရင်းအမြစ် ပိုလျှံပြီး အခက်အခဲ ဖြစ်နေမှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း နဲ့ အမြန်ရထားလမ်း ဖောက်လုပ်မှု လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲ မှုတွေလုပ်ဖို့ ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment