ေျမာက္ကိုရီးယားႏုိင္ငံ (DPRK) က အေရွ႕ပင္လယ္ထဲသုိ႕ ပစ္လႊတ္ခဲ့သည့္ တာတိုပစ္ဒံုးက်ည္တစ္စင္း အား ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္) |
ေျမာက္ကိုရီးယားႏုိင္ငံ (DPRK) သည္ ေျမာက္မ်ားစြာေသာ တာတိုပစ္ဒံုးက်ည္မ်ားအား ၄င္း၏ အေရွ႕ ပင္လယ္ထဲသုိ႕ ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံ (ROK) ၏ ကာကြယ္ေရးဝန္ၾကီးဌာန က မတ္လ ၃ရက္ေန႕တြင္ေျပာၾကားခဲ့သည္။
ကာကြယ္ေရးဝန္ၾကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ Moon Sang-Kyun က ေျမာက္ကိုရီးယားႏုိင္ငံ (DPRK) စစ္တပ္သည္ ေဒသစံေတာ္ခ်ိန္ ၁၀နာရီ ခန္႕၌ တာတိုပစ္ဒံုးက်ည္ ေျမာက္မ်ားစြာကို Wonsan ဧရိယာမွ အေရွ႕ပင္ဘယ္ ထဲသုိ႕ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။
ေျပာေရးဆိုခြင့္ရိွသူက DPRK မွ ပစ္လႊတ္ခဲ့သည့္ ဒံုးက်ည္မ်ားသည္ တာတိုပစ္ ဒံုးက်ည္မ်ား ဟုတ္မဟုတ္ကို အတည္မျပဳႏိုင္ေသးေၾကာင္းႏွင့္ ေတာင္ကိုရီးယားႏိုင္ငံ (ROK) စစ္တပ္မွ အဆိုပါ ပစ္လႊတ္မႈကို ေလ့လာ ဆန္းစစ္ေနေၾကာင္း ေျပာၾကားခဲ့သည္။
Moon က ေတာင္ကိုရီးယားႏိုင္ငံ (ROK) စစ္တပ္သည္ ေျမာက္ကိုရီးယားႏုိင္ငံ (DPRK)တပ္ဖြဲ႕ ၏ လူပ္ရွားမႈ မ်ားကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိျပီး ကာကြယ္ေရး စနစ္မ်ားကို အသင့္ျပင္ထားေၾကာင္း ေျပာၾကားခဲ့သည္။
ေျမာက္ကိုရီးယားႏုိင္ငံ (DPRK) သည္ ထိုသိုိ႕ပစ္လႊတ္မႈကို နယူးေယာက္တြင္ က်င္းပခဲ့ေသာ ၄င္းႏိုင္ငံႏွင့္ ပတ္သက္၍ ကုလသမဂၢ လံုျခံဳေရး ေကာင္စီ အစည္းအေဝး အျပီး နာရီပိုင္းအၾကာတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး အဆိုပါ ေဆြးေႏြးပြဲ၌ ေျမာက္ကိုရီးယားမွ မၾကာေသးမီက ျပဳလုပ္ခဲ့သည့္ ႏ်ဴကလီးယား လက္နက္ စမ္းသပ္မႈ ႏွင့္ ဒံုးပ်ံတင္လႊတ္မႈ တို႕ႏွင့္ ပတ္သက္၍ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။
(Xinhua)
http://www.xinhuamyanmar.com
.............................................................
မြောက်ကိုရီးယားနိုင်ငံ (DPRK) က အရှေ့ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည့် တာတိုပစ်ဒုံးကျည်တစ်စင်း အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဆိုးလ်၊ မတ် ၃ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် မြောက်များစွာသော တာတိုပစ်ဒုံးကျည်များအား ၄င်း၏ အရှေ့ ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ (ROK) ၏ ကာကွယ်ရေးဝန်ကြီးဌာန က မတ်လ ၃ရက်နေ့တွင်ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Moon Sang-Kyun က မြောက်ကိုရီးယားနိုင်ငံ (DPRK) စစ်တပ်သည် ဒေသစံတော်ချိန် ၁၀နာရီ ခန့်၌ တာတိုပစ်ဒုံးကျည် မြောက်များစွာကို Wonsan ဧရိယာမှ အရှေ့ပင်ဘယ် ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူက DPRK မှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များသည် တာတိုပစ် ဒုံးကျည်များ ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ်မှ အဆိုပါ ပစ်လွှတ်မှုကို လေ့လာ ဆန်းစစ်နေကြောင်း ပြောကြားခဲ့သည်။
Moon က တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ်သည် မြောက်ကိုရီးယားနိုင်ငံ (DPRK)တပ်ဖွဲ့ ၏ လူပ်ရှားမှု များကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ကာကွယ်ရေး စနစ်များကို အသင့်ပြင်ထားကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ထိုသိို့ပစ်လွှတ်မှုကို နယူးယောက်တွင် ကျင်းပခဲ့သော ၄င်းနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး အပြီး နာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲ၌ မြောက်ကိုရီးယားမှ မကြာသေးမီက ပြုလုပ်ခဲ့သည့် နျူကလီးယား လက်နက် စမ်းသပ်မှု နှင့် ဒုံးပျံတင်လွှတ်မှု တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment